13✿Baby's Breath✿13

7.9K 916 19
                                    

✿Baby's Breath✿
Chapter - 13

တနင်္ဂ​နွေ​နေ့...

ကျွန်​​တော်​ အခုလိုမျိုး ​နေ့ရက်​​တွေကို လက်​ချိုး​ရေတတ်​တဲ့သူမဟုတ်​​ပေမယ့်​ အခုရက်​ပိုင်း မနက်​မိုးလင်းလို့ မျက်​စိနှစ်​လုံးပွင့်​တာနဲ့ နံရံ​ပေါ်က ဖုန်​တက်​​နေတဲ့ ပြက္ခဒိန်​​လေး​ပေါ်က ဂဏန်း​လေး​တွေကိုအရင်​ဆုံးကြည့်​​နေမိတယ်​...
ပြီး​တော့ ကုန်​ဆုံးသွားတဲ့ ရက်​က​လေး​တွေကို အနီ​ရောင်​​ဘောလ်​ပင်​​လေးနဲ့ ခြစ်​ရင်း​ပေါ့...
နည်းနည်း​တော့ ​သွေး​အေးရက်​စက်​ရာကျ​ပေမယ့်​ အခုလိုမျိုးပဲဖြစ်​ဖြစ်​ ခွဲခွာရမယ့်​ရက်​ကို စိတ်​ထဲမှာ ကြိုတင်​ပြင်​ဆင်​ထားရတာ ပို​ကောင်းမယ်​ထင်​လို့​လေ...

ရုတ်​တရက်​ အိမ်​​ရှေ့က bell တီးသံကြားလိုက်​ရ​တော့ အိပ်​ချင်​မူးတူးနဲ့ အိပ်​ယာက​နေထပြီး ​ဧည့်​ခန်းကို ​လျှောက်​သွားလိုက်​တယ်​...
ဒီ​လောက်​မနက်​အ​စောကြီး ဘယ်​သူလာတာလဲလို့ မစဉ်းစားနိုင်​​လောက်​​အောင်​ကို သတိမဝင်​​သေးတာ...

တံခါးဖွင့်​လိုက်​​တော့ စစဦးဆုံး​တွေ့လိုက်​ရတာ Jongin!
မျက်​စိနှစ်​လုံးပွတ်ပြီး​သေချာကြည့်​လိုက်​​တော့ အ​နောက်​မှာ ကျွန်​​တော်​​တို့ အသင်းက အဖွဲ့ဝင်​​တွေလည်းပါတယ်​...
တစ်​ချို့က​တော့ ရင်းနှီးပြီးသား​ပေမယ့်​ တစ်​ချို့က​တော့ တစ်​ခါ နှစ်​ခါ​လောက်​ပဲ မြင်​ဖူးသလိုလို...

'​ဟေ့​ကောင်​ Chanyeol!'

'ဘာကိစ္စတုန်း...​စော​စောစီးစီးကွာ'

'​ဘောလုံးပွဲကြည့်​မလား? မင်းကလည်း အိမ်​ပြင်​​လေးလဲထွက်​ပါဦး...​လေ့ကျင့်​ခန်းသ​ဘော​ပေါ့...မင်းကဝင်​မ​ဆော့နိုင်​​သေး​တော့
ပွဲကြည့်​ပရိတ်​သတ်​ လုပ်​​ပေါ့...ပြိုင်​ပွဲပြီးရင်​ hot dog စားမယ်​...ရှုံးတဲ့အသင်းက ဝယ်​​ကျွေး​ကြေး...
ဒါနဲ့ မင်း​ခြေ​ထောက်​ သက်​သာရဲ့လား...'

Jongin ​ဘောလုံးပိုက်​ပြီး​ပြော​နေရင်း ပတ်​တီးစီးထားတဲ့ ကျွန်​​တော့်​ ​ခြေ​ထောက်​​ကို လှမ်းကြည့်​ရင်း​​မေးတယ်​...

✿Baby's Breath✿Donde viven las historias. Descúbrelo ahora