✿Baby's Breath✿
Chapter-2ကျွန်တော် ဖုန်းပေါ်က Baekhyun ရဲ့ နံပါတ်ကိုနှိပ်လိုက်ရင်း ဖုန်းကိုင်ဖို့ကိုပဲ ဆုတောင်းနေမိတယ်...
'Baekhyun...အိမ်မှာပဲရှိနေပေးပါ...အိမ်မှာပဲ...'
တစ်ဖက်က ဖုန်းကိုင်ဖို့ကိုစောင့်ရင်း ကျွန်တော့် နှလုံးခုန်သံတွေတောင်မြန်လာတယ်...
တစ်မိနစ်လောက်ကြာပြီးသွားတာတောင်မှ ဖုန်းမဖြေသေးဘူးဆိုကတည်းက တစ်ခုခုထူးဆန်းနေလို့ပဲ...
Baekhyun က သူ့ဆီဖုန်းလာရင် လာလာချင်းကိုင်တတ်တဲ့သူမျိုး...
အထူးသဖြင့် ကျွန်တော့ဆီက ဖုန်းဆိုရင် ချက်ချင်းပဲ ပြန်ဖြေတတ်တာ...
အကယ်၍ Baekhun ရဲ့ စိတ်ပိုင်းဆိုင်ရာနှောင့်နှေးမှုက ကျွန်တော် ထင်ထားတာထက် မဆိုးရွားနေဘူးဆိုရင်တော့ လည်ပင်းမှာ ဆွဲထားတဲ့ ဖုန်းလာနေတာကိုတော့ မသိစရာ အကြောင်းမရှိပါဘူး...အိမ်မှာ အိပ်ပျော်နေတာများလား?
အဲ့လိုအတွေးဝင်လာတော့လည်း နည်းနည်းတော့ စိတ်သက်သာရာ ရသွားသား...
ကျွန်တော်က နဂိုကတည်းက အဲဒီ Baekhyun ဆိုတဲ့ ကောင်လေးကို အတွေးထဲသိပ်ထည့်တက်တာ မဟုတ်ပေမယ့် မတော်လို့ သူသာ တစ်ခုခုဖြစ်သွားကြည့် အပြစ်အားလုံးက ကျွန်တော့်ခေါင်းပေါ်ရောက်လာမှာလေ...
အမေကတော့ ကျွန်တော်တို့နှစ်ယောက်လုံးက သူ့အတွက်အရေးပါတယ်လို့ပြောတာပဲ...အကြောင်းအရင်းကို မသိပေမယ့်လို့...
အမြဲတမ်းလိုလို Baekhyun ကို... Baekhyun က...Baekhyun ကို ဖိနပ်အသစ်ဝယ်ပေးလိုက်ဦး...Baekhyun နဲ့ ညစာ အတူတူသွားစားရအောင်...စသဖြင့် အဲ့ဒီ့ Baekhyun ဆိုတဲ့ ဘာမဟုတ်တဲ့ ကောင်လေးက ကျွန်တော့်အမေရဲ့ ဂရုစိုက်မှုပိုရတော့လည်း မနာလိုဖြစ်မိသား...'နည်းပြ! ကျွန်တော် ဒီနေ့ လေ့ကျင့်ရေးမဆင်းနိုင်တော့ဘူး...အိမ်မှာ ကိစ္စလေးပေါ်လာလို့ပါ...'
ဘောလုံး season match နီးလာတာတဲ့အမျှ ပိုပြီး လေ့ကျင့်ရမယ်ဆိုတာ သိပေမယ့် မတတ်နိုင်ဘူးလေ...
အခုလောလောဆယ်တော့ ကျွန်တော် အဲဒီ့အရူးလေးကို သွားရှာရဦးမယ်...
![](https://img.wattpad.com/cover/66154602-288-k665314.jpg)
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...