unicode
ညကောင်းကင်ရဲ့ အလင်းရောင်ဟာ ဖျော့ဖျော့လေး ကျနေတယ် ၊ မိုးလေး တဖွဲဖွဲရွာနေတယ်။ အနက်ရောင်လမ်းမတွေဟာ စိုစွတ်ပြီး တောက်ပနေတယ် ၊ လှပခမ်းနားတဲ့ အနက်ရောင် လမ်းမီးတိုင်တွေဟာ ပြောင်လက်တောက်ပပြီး မီးအိမ်လေးတွေဟာ အလင်းရောင်ဖျော့ဖျော့လေး လင်းနေတယ် ။ဒီမြို့ဟာ Black Paradise ။
အတိတ် နဲ့ ပစ္စုပ္ပန် ၊ပြီးတော့ အနာဂတ် ...
အရာရာသော ဖြစ်တည်မှုတိုင်းရဲ့ ကန့်သတ်ချက်အလွန် မှာ ရှိတဲ့ ဒီမြို့ကြီး ဟာ အရမ်းကို လှပစွာ အနက်ရောင်တောက်ပနေခဲ့တယ် ။အနက်ရောင် အိမ်ကြီးတွေဟာ ထည်ဝါလှပစွာ တည်ရှိတယ် ၊ အိမ်တိုင်းရဲ့ပြတင်းပေါက်လေးတွေဟာ အိမ်ထဲက လှပတဲ့ မီးအိမ်တွေနဲ့ ခမ်းနားတဲ့ မီးဆိုင်းတွေရဲ့အလင်းရောင်ကြောင့် အဝါရောင်ဖျော့ဖျော့လေးတွေကို ပိတ်ထားတဲ့ ပြတင်းပေါက်ရဲ့ ကန့်လန့်ကာတွေ ကြားကနေ မြင်နေရတယ် ။
မိုးရွာ နေတဲ့ ညတစ်ညရဲ့ လမ်းမတွေ ဟာသာမန်ထက် လူရှင်းတယ် ၊ မြင်းရထားလုံး တစ်စီးတစ်လေ ဖြတ်မောင်းသွားတဲ့ အသံကလွဲရင် လမ်းပေါ်မှာ လူသွားလူလာ ရော စကားပြောသံရော မရှိသလောက်နီးနီး တိတ်ဆိတ်တယ် ။
မိုးဟာ သည်း သထက် သည်းလာတယ် ၊ ခဏကြာတဲ့ အခါ
နှင်းဆီနက် စံအိမ်ကြီးထဲကနေ အသက် သုံးဆယ်အရွယ် ပရော်ဖက်ဆာတစ်ယောက် ထွက်လာတယ် ။ညကောင်းကင် ရဲ့လေထုဟာ အဆက်မပြတ်ရွာနေတဲ့ မိုးရေ ကြောင့် စိုထိုင်းထိုင်းဖြစ်နေတယ် ။ဖြူဖျော့ဖျော့ နှာတံချွန်ချွန်နဲ့ ပရော်ဖက်ဆာရဲ့ မျက်နှာထားဟာ စိတ်ဖိစီးမှု ၊အလိုမကျမှုတို့ကြောင့်တင်းမာနေတယ်။
ပရော်ဖက်ဆာ ဟာ ပြေပြစ်တဲ့ နှုတ်ခမ်းပါး တွေရှိတဲ့ အရပ်ရှည်ရှည် နဲ့လူတစ်ယောက်ဖြစ်တယ်။ ပြီးတော့ လင်းလက်နေတဲ့ မျက်ဝန်းတွေဟာ အဝေးက လျှပ်စီးလက်တဲ့ အလင်းရောင်ကြောင့် တောက်ပနေခဲ့တယ် ။
ပရော်ဖက်ဆာဟာ မီးခိုးရောင်မကျ အညိုရောင်မကျ ခပ်ဖျော့ဖျော့ ဆံပင်ရှည်အခွေတွေကို အနောက်မှာ စုချည် ထားတယ် ။ သက်လတ်ပိုင်းအရွယ် သူ့ရဲ့ ရုပ်ရည်ဟာ တည်ငြိမ်ပြီး ထက်မြက်တဲ့ ပညာရှင်တစ်ယောက်ရဲ့ ဥပဓိရုပ်ပေါ်တယ် ။

ESTÁS LEYENDO
Black Paradise
Novela Juvenilဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs