Chapter 9.2 Mon Amour

3.5K 522 113
                                    

(Unicode)
ဆရာကြီး ဟာ Hallucius ရေးထားတဲ့ စာတမ်းကို ဖတ်နေတယ် ၊နေရောင်ဖျော့ဖျော့ ကျနေတဲ့ စာဖတ်ခန်း ထဲမှာ အရမ်းလှပတဲ့ ကျွန်းစားပွဲ ကြီးရှိတယ်၊ အဲ့ စားပွဲဟာ Ellena အဖေရဲ့ စာကြည့်စားပွဲဖြစ်တယ် ။

စာကြည့်စားပွဲ ရဲ့ ဘေးမှာ ခမ်းနားသပ်ရပ်တဲ့ လက်ရာနဲ့ စာအုပ်စင်။စာအုပ်စင် ထိပ်ဆုံးမှာ ကြေးနဲ့ လုပ်ထားတဲ့ ကြောင်ရုပ်လေးတွေ ရှိတယ်။

"ခုချက်ချင်း စားပွဲ ပေါ်ကခြေထောက်ကို ချလိုက် "

ဧည့်ခန်းထဲက Ellena အော်သံကြောင့် သူ့ အဖေရော Hallucius ရော လှည့်ကြည့်တယ် ၊ရိုင်းပြတဲ့ လူငယ်တစ်ယောက်ဟာ ဧည့်ခန်း စားပွဲပေါ်ခြေတင်ထိုင်နေတယ်၊ နောက်တော့ ခုံကိုကန်လိုက်တယ် ။

တစ်မိနစ်ရဲ့ လေးပုံတစ်ပုံအတွင်း ဒေါသရဲ့ အလိုအလျောက် တုန့်ပြန်မှုက သိပ်မြန်တယ် ။
Ellena က ခုနက လူရဲ့ မျက်နှာကို ရေနဲ့ ပက်လိုက်တယ် ၊ဟိုလူက ဆတ်ခနဲ ထလာတယ် ။

"ငါက ဆရာကြီးဆီ မှာ ပညာသင်ချင်တာ "

"ကျွန်မ အဖေက ရှင့်လို ရိုင်းတဲ့ သူကို မသင်ဘူး "

Hallucius ဝင်ပါမယ် လုပ်တော့ Ellena အဖေက ပုခုံးကို လှမ်းပုတ်ထားတယ် ၊ဝင်မပါနဲ့ ဆိုတဲ့ အဓိပ္ပာယ်။ သူ့ကိုစာဖတ်ခန်း အပြင်ပေးမထွက်ဘူး ။

"သိပ်ကောင်းတယ် Ellena ...မင်းရဲ့ ရိုင်းတဲ့ အပြုအမူ ရော မင်း အဖေရဲ့ မောက်မာမှုရော က တချိန်မှာနောင်တရစရာဖြစ်လာလိမ့်မယ် "

ဟိုလူ ဟာ ဒေါသနဲ့ ထွက်သွားတယ် ။

"ဘယ်သူလဲ ...သိပ်ရိုင်းတယ် " Hallucius က ဒေါသနဲ့ မေးတယ် ၊

"သူက တပ်ကြပ်ကြီး ရဲ့ သား .. နာမည် က Vendas တဲ့၊ ရိုင်းပြတယ် ...ဒေါသကြီးတယ် .....လက်ရဲ ဇက်ရဲ ရှိတယ် ..အခုတော့ မြေပိုင်ရှင်ပေါ့ "

"မြေပိုင် ရှင် ? ဒီမြေက ဆရာတို့ အပိုင်မဟုတ်ဘူးလား "

"အရင် ဒီမြေကို အပိုင်သေချာဝယ်ပြီး သား ....ဒါပေမယ့် အရင် ရောင်းခဲ့တဲ့ မြေရှင်ကြီး က မတော်တဆ မှု နဲ့ သေပြီး နောက် Vendas ဟာ မြေရှင်ကြီး ပိုင်ခဲ့ သမျှကို လိုက်သိမ်းတယ် "

Black Paradise Dove le storie prendono vita. Scoprilo ora