Chapter 23 True love

1.5K 201 42
                                    

ညကောင်းကင်ရဲ့ အလင်းရောင်ဟာ ငြိမ်သက်စွာနဲ့ အုတ်သားအချို့ခင်းထားတဲ့ လူသွားလမ်းတွေပေါ် ကျနေတယ် ၊ မိုးလေး တဖွဲဖွဲရွာနေတဲ့အတွက် အနက်ရောင်လမ်းမတွေဟာ စိုစွတ်ပြီး တောက်ပနေတယ် ။

မိုးနည်းနည်းစဲသွားတယ် ၊
နှင်းဆီနက် စံအိမ်ကြီးထဲကနေ အသက် သုံးဆယ်ငါးနှစ်အရွယ် မိန်းမချောတစ်ယောက် ထွက်လာတယ် ။
ပရော်ဖက်ဆာရဲ့ သုတေသန စာတမ်းတွေနဲ့ စမ်းသပ်ချက်တွေကို ရက်အချို့ ဖတ်ထားခဲ့တယ် ..
အစာစားချိန်မမှန်တဲ့သူမဟာ အနည်းပိန်ချုံးနေတယ် ။

ရွှေရောင်ဆံပင်နဲ့ မိန်းကလေး ရဲ့ မျက်နှာထားဟာ စိတ်ဖိစီးမှု ၊အလိုမကျမှုတို့ကြောင့်ညှိုးငယ်နေတယ်။

အလင်းရောင်မဲ့တဲ့ညမှာ အပြာရောင်သလင်းကျောက်နဲ့ တူတဲ့ မျက်ဝန်းတစ်စုံဟာ အဝေးက
လမ်းမီးတိုင်တွေရဲ့ရောင်ပြန်နဲ့ အတူ တောက်ပနေခဲ့တယ် ၊

ရှေးဟောင်း တံခါးမကြီး ကို ဖွင့်လိုက်တော့ .တံခါးဝမှာ အနက်ရောင် စာတစ်စောင်ရောက်နေတယ် ။

အနက်ရောင် စာရွက်ပေါ်မှာ ...မင် အဖြူနဲ့ ရေးထားတယ် ။

"မင်္ဂလာပါ ....Lady Ellena
ခင်ဗျားရဲ့ သတို့သားလောင်းကို ညကိုးနာရီ တိတိ ...
စိန့်မေရီဘုရားကျောင်းမှာလာခေါ်ပါ "

သူအိတ်ဆောင်နာရီကို ထုတ်ကြည့်တော့ ....
ညကိုးနာရီ ထိုးဖို့ တစ်ဆယ့်ငါးမိနစ် အလို ။

မိုးဟာ ခုနကစဲသွားပေမယ့်ပြန် သည်းလာပြန်ပြီ..။
ပန်းနုရောင်ထီးကို ခပ်သွက်သွက် ဖွင့်ရင်း သူလမ်းမပေါ်အမြန်လျှောက်လာခဲ့တယ် ။

မိုးရေစက်တွေကြား ....အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ပြီး မပြေးရုံတမယ် လျှောက်လာတဲ့ Ellenaရဲ့ ဒေါက်ဖိနပ် ခြေလှမ်းတွေဟာညဘက်ရဲ့ လမ်းမပေါ်မှာ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားခြင်းရောနေခဲ့တယ်။

မိုးခြိမ်းသံကို ကြားရတယ် ။

ဖြတ်ခနဲ လက်သွားတဲ့ လျှပ်စီး ကြောင့် ဘုရားကျောင်းဟာ ခဏတာ လင်းခနဲ ဖြစ်သွားတယ်။

ဘုရားကျောင်း တံခါးဝကိုသူရောက်တော့ သေ့ာခတ်ထားတယ် ၊အထဲမှာ လူတစ်ယောက် ရှိနှင့်နေပြီ ။

Black Paradise Where stories live. Discover now