(Unicode)
ညသန်းခေါင်ကျော်ပြီး မနက် ၂နာရီ အချိန်
လမ်းမပေါ်က မြင်းလှည်းလေး တစ်စီး ခပ်လေးလေး နဲ့ ခပ်ဖြည်းဖြည်း ဖြတ်သွားတာကို အသံသဲ့ သဲ့ လေးကြားရတယ် ။ပြတင်းပေါက်တွေ ပိတ်ထားလို့ အမှောင်ကျနေတဲ့ အခန်းလေးဟာ တိတ်ဆိတ်နေတယ် ။"Ellena ... ငိုနေတာလား "
Hallucius က Ellena ရှိုက်သံကြောင့်နိုးလာတာ ဖြစ်တယ်၊ သူ့ရင်ခွင်ထဲက Ellena က သူ့ကို ကျောပေးထားတယ် ။
"ဘာမှ မဖြစ်ဘူး Ellena ... စိတ်မပူပါနဲ့ ၊ငါတို့လက်ထပ်ကြမယ် ၊ပြီးရင် နှစ်ယောက်အတူတူ လောကအနှံ့လျှောက်သွား ပြီးဖျော်ဖြေပွဲတွေ လုပ်ကြမယ်၊တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေကြမယ်...နော် "
"ဟုတ် "
Ellena က တိုးတိုးလေး ပြန်ဖြေတယ် ၊ Hallucius ဟာ Ellena ကိုဖက်ဖို့ ကြိုးစားတဲ့ အခါ သူမရဲ့ ပုခုံးဟာ အေးစက်နေတာ ကို သတိပြုမိတယ် ။
"ဆရာ့ကို ယုံတယ်မလား ... "
Hallucius က Ellena ခေါင်းလေးကို သပ်ရင်းမေးတယ် ၊Ellena ပြန်မဖြေဘူး ၊ တိတ်ဆိတ်နေတဲ့ အခန်းရဲ့ လေထုထဲမှာ နာရီသံ တချက်ချက် သွားနေတာကို ကြားနေရတယ်။
မနက် နိုးလာတော့ Hallucius အိပ်ရာဘေးကို စမ်းတော့ Ellena မရှိတော့ဘူး ၊
Hallucius ညအိပ်ဝတ်စုံရှည်ကြီး နဲ့ အလောတကြီး အောက်ထပ်ကို ပြေးဆင်းလာတယ် ၊Ellena ရဲ့ အခန်းကို ပြေးသွားကြည့်တော့ သိမ်းဆည်းထားတာ ရှင်းနေတာပဲ ။
မှားသွားပြီ ။
Hallucius ရဲ့ ဆုံးဖြတ်ချက် အရမ်းကို မှားခဲ့ ပြီ ။
ဟုတ်တယ် ။ရုတ်တရက် ထမင်းစားခန်းထဲက အသံကြားတယ်၊
Hallucius အလောတကြီး ပြေးဝင်သွားတယ် ။"မသွားခင် မနက်စာ လုပ်ပေးထားတယ် "
Ellena က လက်ဖက်ရည်ဗန်းကို ထမင်းစားပွဲပေါ် ချရင်း ပြောတယ် ၊Hallucius ဒေါသနဲ့ Ellena ပုခုံးကို ဆွဲလှည့်လိုက်တယ် ။
"မင်း ဘယ်မှ မသွားရဘူး ...ငါပြောတာနားလည်လား ...ဘယ်မှ မသွားရဘူး "
Ellena က Hallucius လက်တွေ ကိုဖယ်ချရင်း ပြန်ပြောတယ် ။
"ဘယ်သူ့ သဘောနဲ့လဲ "
YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs