မိုးရွာနေတဲ့ နေ့တစ်နေ့မှာ လူအုပ်ကြီး ဟာ ဘဏ်တိုက်ကြီးထဲမှာကိုယ်စီအလုပ်ရှုပ်နေကြတယ် ၊ ကြေးဝါရောင် တံခါးတွေနဲ့ ဆင်စွယ်ရောင် နံရံဖျော့ဖျော့ဟာ အုတ်ထူထူ အဆောက်အအုံကြီးထဲမှာ ခမ်းနားကြီးကျယ်စွာရှိနေတယ် ၊ ဒီဘဏ်ဟာ ပါလီယာမန် အမတ်အချို့ရယ် ၊ မြို့စားမင်းရယ် ၊ မြို့က လူကုန်ထံအသိုင်းအဝိုင်းတွေ မတည် ထားတဲ့ ငွေကြေး စုဆောင်းလည်ပတ်ရာ အမျိုးသား စီးပွားရေးဘဏ်ဖြစ်တယ် ။
"Uncle Nary လက်ဖက်ရည်သောက်အုန်းမလား "စာရေးကိုင်မလေး တစ်ယောက်ဟာ Nary ကို သူ့အလုပ်စားပွဲပေါ် လက်ဖက်ရည် ချပေးတယ် ၊ Nary ဟာ ဆံပင်ဖြူ အနည်းငယ်ရှိပြီး ခန့်ညားတောင့်တင်းတဲ့ အသက်၆၀အရွယ်လူ တစ်ယောက်ဖြစ်တယ် ၊ သူ့ကို Ellena ရဲ့ မွေးစား အစ်မ Julia တို့ လင်မယားက ဒီဘဏ်မှာ သူတို့ကိုယ်စား စီမံခန့်ခွဲဖို့ လွှဲပေးထားတာ ဖြစ်တယ် ၊ Ellena ပျောက်ဆုံးနေစဉ်တစ်လျှောက် ..ပြောရရင် အချိန် ခရီးသွားနေစဉ် မှာ Nary ကို အနားမှာ ခေါ်ထားဖို့ Julia တို့ ဇနီးမောင်နှံကို မှာခဲ့တယ်လို့ ကြားတယ်။
ပြောရရင် Julia တို့ အိမ်ကို သူဝင်ထွက်ရတဲ့ အကြောင်းရင်းတွေထဲ Hallucius လေး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာသလား ဆိုတာကို သူ မြင်ချင်တာလည်း ပါတယ် ၊ Hallucius လေးကတော့ သူ့ကို ဘယ်သူမှန်း လုံးဝ မသိပါဘူး ၊ သူ့ မိဘတွေရဲ့ စီးပွားဘက်အနေနဲ့ ပဲ မြင်ဖူးတယ် ဆိုရုံလောက်ပဲ သိတယ် ။
Nary ဟာ Hallucius ဒုတိယ အကြိမ် တယောဆရာအနေနဲ့ ပျောက်သွားပြီနောက် ကုန်သွယ်ရေး ဘက်ကို ကြိုးစား လေ့လာခဲ့တယ် ...ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း အချို့နဲ့ လမ်းကြောင်းတွေကို သိတဲ့ အတွက်အခု တစ်ခါ Ellena မရှိတော့တဲ့ နောက်မှာ Julia တို့ ကိုလည်း ကူညီနိုင်တဲ့ အပြင် အချို့ လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်။
"နေ့လည်စာ ကိုအပြင်မှာ ပဲ စားလိုက်တော့မယ် "
Nary ဟာ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပြီး ကုတ်အင်္ကျီရှည်ကြီး ကို ဝတ်လိုက်တယ် ၊ ပျင်းရိစရာကောင်းတဲ့ နေ့လည်ခင်းရဲ့ မိုးရေစက်တွေကို ထီး အနက်ကြီး အောက်ကနေ ဖြတ်သန်းခဲ့တယ် ။
KAMU SEDANG MEMBACA
Black Paradise
Fiksi Remajaဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs