Chapter 19 Lost Mirror

1.8K 229 32
                                    

ရှုပ်ထွေးလာတဲ့ အမှုအခင်းတွေကြားမှာ ပုလိပ်နဲ့ ကင်းစောင့်ရဲတွေဟာစိတ်ရှုပ်ရဆုံးပဲ၊
သူတို့ဟာတစ်နေ့ထက်တစ်နေ့ ပိုမိုအလုပ်များလာတယ် ၊မထူးတာက အခုထက်ထိလူပျောက်မှုတွေဟာရှိနေပြီး ဘာကိုမှသဲလွန်စမရတာ ဖြစ်တယ် ။

ရဲအရာရှိလေး Thomas ဟာ အထက်အရာရှိရုံးခန်းကို ဝင်လိုက်ထွက်လိုက်လုပ်နေတာ မနက်မှာတင် သုံးခါရှိပြီဖြစ်တယ်၊နေ့လည်စာစားချိန်ကိုတော့ သူဟာ ခဏတာ အိမ်ပြန်ချင်တယ် ။

ရာသီဥတုဟာ လည်း ဆိုးဝါးတယ်
ဖခင်ဖြစ်သူ ပါမောက္ခDaniel ဟာ နေမကောင်းဖြစ်လွယ်တဲ့ အတွက် နွေးနွေးထွေးထွေးနေဖို့ အမြဲ လိုအပ်နေတယ်။

"အဖေ ဆေးသောက်ရဲ့လားမသိပါဘူး သမားတော်လည်း လာအုန်းမှာ "
Thomas က စားပွဲပေါ်က ကြေးနန်းတစ်စောင်ကို အရာရှိကို ကမ်းပေးရင်း စကားပြောနေတယ်။
တိုင်ချက်စာရွက်တွေ သယ်လာတဲ့ အလုပ်သင်တစ်ယောက်က Thomas ကို ဝင်တိုက်တယ် ၊လူပျောက်မှုတွေများလာပေမယ့် သာမန်နေ့စဉ်ကြုံနေကျအမှုတွေဖြစ်တဲ့ ခိုးမှု ၊ဖောက်ထွင်းမှုတွေ ဟာ လျော့ကျမသွားဘူး ။

အိမ်ပြန်ရောက်သွားတဲ့ အခါ သမားတော်ဟာ ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်ပေါ်က Daniel ကို စမ်းသပ်ပေးနေတယ် ၊
ကတ္တီပါ ထိုင်ခုံအခင်း ပေါ်က Daniel က ဒီနေ့တော့ သက်တောင့်သက်သာရှိပုံပဲ ။

သမားတော် က Thomas ကိုမြင်တော့ နှုတ်ဆက်တယ် ၊Daniel ဟာဆေးမှန်မှန်သောက်ပြီး အနားယူတဲ့ အတွက် ဘာမှ ထူးထူးခြားခြား ဂရုစိုက်စိတ်ပူစရာမလိုကြောင်းပြောတယ် ။

"သိပ်လိမ္မာတဲ့ သားလေး ဟုတ်လား အဖေကို နေ့လည်ဘက် ပြန်လာကြည့်ဖော်ရတယ်ပေါ့ "

သမားတော်က Thomas ကိုချီးကျူးတယ်.. Thomas က ပြုံးတယ်။

အိမ်အကူဟာ နူးနေအောင်ချက်ထားတဲ့ အသားစွပ်ပြုတ်ပူပူ တစ်အိုးကို ထမင်းစားခန်း ဘက်သယ်လာတယ် ၊Thomas ဟာ ကျန်းမာရေး ခဏခဏ ချူချာတဲ့ ဖခင် Daniel အတွက် နေ့တိုင်း အာဟာရတဲ့ အစားအစာတွေကို ချက်ဖို့ မှာကြားလေ့ရှိတယ်၊ အပြင်မှာ ခပ်ဖွဲဖွဲရွာနေတဲ့ နှင်းမကျ မိုးမကျ မြူ ခပ်ဆိုင်းဆိုင်း ဟာ လျော့ပါးစပြုလာပြီ ။

Black Paradise Where stories live. Discover now