မိုးတွေရွာနေတဲ့ လမ်းပေါ် ကြောင်လေးတစ်ကောင် ဖြတ်ပြေးသွားတယ် ၊ပြီးတော့ မှောင်ရိပ် ထဲ ဝင်သွားတယ် ၊မိုးတွေ ပိုပို ရွာလာတယ် ။ညနေခင်း ဟာ မှောင်မိုက်နေတယ် ။
"ဘာမှမဖြစ်ပါဘူး ...ကျွန်မတောင်းပန်ပါတယ် "Ellena က ထိုင်နေတဲ့ Hallucius ကို ဖက်လိုက်တယ် ၊နှင်းဆီနက် စံအိမ်ရဲ့ Piano ဘေး မှာ Hallucius က Ellena ရင်ခွင်ကိုမှီပြီး ခါးကို ဖက်ထားတယ် ။
"ကိုယ့်ကို နားလည်တယ်မလား "
"နားလည်တယ် ....နားလည် ဖို့ ကြိုးစားမယ် ..."
အရင်ဘဝက ဘာဖြစ်ခဲ့တယ်ဆိုတာကို သိရရင် သူမဟာ Hallucius ကို ခွင့်လွှတ်နိင်လိမ့်မယ် လို့ ထင်ခဲ့ ပေမယ့် တကယ်က စိတ်နာတာတွေ နည်းနည်းလေးလျော့သွားတာပဲ ရှိတယ် ။
Hallucius ဟာ
သူမ ဒီဘဝမှာ သိတဲ့ Hallucius ဟာကြောက်စရာ လူထူဆန်းတစ်ယောက် ထက် မပိုသလို သနားစရာ ယုန်သူငယ်လေး နဲ့ လည်း တူတယ် ။သူမဟာ တချိန်တည်းမှာ Hallucius ကို ကြောက်လည်း ကြောက် သနားလည်း သနားနေတယ် ။
"ချစ်တယ် "
Hallucius တိုးတိုးလေးပြောတယ် ၊
"ကျွန်မရောပဲ "
Ellena ကလည်းတိုးတိုးလေး ပြောတယ်။
တိတ်ဆိတ်တဲ့ ညမှာ မိုးတွေ သည်းသထက် သည်းလာတယ် ၊ပရော်ဖက်ဆာ ရဲ့ စမ်းသပ်ခန်းထဲမှာ
အနက်ရောင် ကျောက်သင်ပုန်း ပေါ်မှာ မြေဖြူရာတွေ ရှုပ်ပွနေတယ် ။Ellena ဟာ Hallucius ပြောတာကို နားလည် ပုံမရဘူး ၊သူမ ရီဝေဝေနဲ့ ကြည့်နေတယ် ၊
အိပ်ငိုက်နေတာနဲ့ ပိုတူတယ် ။"အချိန်ခရီးသွားတာ ခဏထားပါ ..... ကျွန်မကိုဘယ်လို ပြန်ခေါ်လာသလဲ ပြောပြ "
Hallucius က သူ့ရဲ့ အချိန် စက်ဝိုင်းခြမ်းကြီး ကို ပြန်ဖျက်တယ် ၊ပြီးတော့ စိတ်လှုပ်ရှားစွာ နဲ့ ဆက်ပြောတယ် ။
"Rebirth နဲ့ Reincarnation နဲ့ မတူကွဲပြားချက်ပေါ့ .... ပြောရရင် ....Reincarnation ဆိုတာ သေပြီး နောက်ဘဝမှာ ပြန်လည်မွေးဖွားခြင်း "
Hallucius က တက်ကြွစွာ ပြောတယ် ၊ Ellena နားမလည်တာ သူမသိဘူး ။
"Reincarnation ကို substutive reincarnation လုပ်လိုက်တဲ့ အခါ Rebirth နဲ့ တူညီ တဲ့ သဘောသက်ရောက်မှုကို ဖြစ်စေတယ် ....ဒါက ရှင်သန်ခြင်း နိယာမ ရဲ့ ယူဆချက်ကို သွေဖည်တယ် ထင်ရပေမယ့် .... "
YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs