" Hallucius ဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ခြောက်လောင်းပြိုင် စံအိမ်အမှုမှာ တကယ် ပဲလူသတ်တရားခံလား "
Ellena က တိုးတိုးလေး မေးတယ် ၊
သူတို့ စကားပြောနေတာ ဘယ်နှနာရီကြာသွားပြီလဲမသိဘူး ၊တရွေ့ရွေ့ပြေးနေတဲ့ အချိန်တွေဟာ သံသယတွေနဲ့ နောင်တတွေကြားမှာ ခြေသံတွေပျောက်ကုန်တယ် ။ပြတင်းပေါက်က နှင်းဆီဖြူလေးဟာ အိုးထဲမှာ ငြိမ်သက်စွာရှိတယ် ၊ပါမောက္ခ Daniel ဟာ သူ့ရှေ့က Ellena ကို ကြည့်ရင်း ဖြည်းဖြည်းလေးခေါင်းငြိမ့်ပြတယ် ။
"သူက သိပ်ကြောက်စရာကောင်းတဲ့ သူ ...ဘာတွေဖြစ်ခဲ့ လဲဆိုတာ အခုအကုန်ပြောပြပြီးဆိုတော့ မင်းဆုံးဖြတ်ပါ Ellena.... ငါကတော့ မင်းပြောတာကို နားထောင်ပြီး သူမင်းကို ကလေးဘဝမှာတင် စိတ်ဒဏ်ရာရအောင် အမျိုးမျိုးလုပ်တာရော ....သားမယားအဖြစ်ပြုကျင့်တာရော... ပြီးတော့ ရက်ရက်စက်စက်ချောက်ထဲ အတူခုန်ချခိုင်းတဲ့ ကိစ္စမှာတင် အတော် စိတ်ပျက်မိတယ် "
Ellena ဟာ သက်ပြင်းချတယ် ၊
သူဟာ ဘယ်လောက်ပဲ ကြိုးစားပြီး ဘဝအသစ်ကိုစပါစေ အဲ့လူနာမည်ကိုကြားတာနဲ့ ဘာကြောင့် စိတ်လှုပ်ရှားသွားမှန်းမသိဘူး ။မုန်းတယ် မတွေ့ချင်ဘူး
အရမ်းကို လည်း သတိရတယ် ။ကြောက်တယ် ၊ ပြီးတော့ ချစ်လည်းချစ်တယ် ။
"သူပြန်လာမယ် လို့ထင်တယ် Ellena ..ဟင့်အင်း သူပြန်ရောက်နေပြီလို့ငါထင်တယ် "
Daniel ရဲ့ စိတ်ပူနေတဲ့ စကားအဆုံးမှာ Ellena အသက်အောင့်မိတယ် ၊
Hallucius ပြန်လာပြီတဲ့လား ?
ဒါဟာ Ellena အတွက် အိပ်မက်ဆိုးပဲ ။ဘယ်လိုမျိုးလဲဆိုတော့
ဘယ်လောက်ပဲ ဆိုးဝါးပါစေ ထပ်ခါ ထပ်ခါ မက်ချင်မိတဲ့
စွဲလမ်းစရာကောင်းတဲ့ အိပ်မက်ဆိုးတစ်ခုပေါ့ ။ခံစားချက်တစ်မျိုးရှိတယ်..အဲ့ဒီလူတစ်ယောက်ကို တွေ့ရမှာကြောက်တယ်ဆိုတဲ့ စိတ် ၊တွေ့ရင် နာကျင်ရမယ်ဆိုတဲ့ အသိ၊အသိတရားကိုလည်း ကြောက်တယ် ၊အကြောက်တရားကိုလည်း သိတယ် ...။
ဒါပေမယ့် အဲ့တွေ့ရမှာကြောက်တဲ့ သူကို မသိစိတ်က တိတ်တိတ်လေးလိုက်ရှာနေမိတာမျိုး ....တောင့်တနေတာမျိုး။
![](https://img.wattpad.com/cover/66826889-288-k702926.jpg)
YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs