" ကြည့် "
Hallucius က လက်စွပ်တစ်ကွင်းကို လက်သန်းမှာ စွပ်ထားတယ်၊ မျက်လှည့်ဆရာတစ်ယောက်ရဲ့ လေသံနဲ့မေးတယ်။
"အဲ့ဒါဘာလဲ ? "
Ellena က တောက်ပနေတဲ့ ငွေရောင်လက်စွပ်လေးကို ကြည့်ရင်းမေးတယ်။
"ဒီလိုကွာ ....အခု လက်စွပ်လေးကို ငါချွတ်လိုက်ပြီ ...အခု ငါ့ ဘယ်လက်ထဲမှာနော် "
Ellena ကို Hallucius က တကယ် မျက်လှည့်ပြနေတယ်။
"အခု ညာလက်ထဲ ထည့်လိုက်ပြီ "
Hallucius က စက္ကူနဲ့ လုပ်ထားတဲ့ မှော်နှင်တံလေးကို ရမ်းတယ်၊ ပြီးတော့ ညာလက်ကို ဖြန့်ပြတယ် ။
"ကြည့် မရှိတော့ဘူး "
Ellena က အလိုမကျစွာ မဲ့ ပြတယ် ၊သူ့မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ကြားကတောင် Hallucius က လိမ်ညာတာကို ခံလိုက်ရလို့ ။
"ကဲ .....ညာဘက်မှာ မရှိတော့ ..ကဲ ဘယ်လက်ရော ? ပြန်ပေါ်လာစေ "
Hallucius ရဲ့ ဘယ်လက်ကို ဖြည်းဖြည်း ချင်းဖြန့်လိုက်တယ်၊ ခုနက ငွေရောင်လက်စွပ်လေး ၊
တကယ်ရှိနေတယ် ။"ဘယ်လိုလုပ်တာလဲ ? "
Ellena က အံ့သြစွာ မေးတယ်။
"မှော်အစွမ်းလေ "
Ellena ရယ်တယ် ၊Hallucius က မျက်လှည့်တွေ ဘာတွေ လည်း ပြတတ်သားပဲ။
Hallucius က လက်စွပ်လေးကို Ellena ရဲ့ လက်သူကြွယ် မှာ စွပ်ပေးတယ် ။
"ယောကျ်ားလေးရဲ့ လက်သန်းနဲ့ မိန်းကလေးနဲ့ လက်သူကြွယ် ၊
အရွယ်အစားချင်းတူရင် ဖူးစာမှန်သတဲ့ "Ellena ရယ်တယ် ။
"ကဲ ၊တစ်မြို့လုံးရဲ့ အလိုက်ဖက်ဆုံး အတွဲ အနေနဲ့ ဒီညနေခင်းလေးကို တောက်ပအောင် လုပ်လိုက်ကြမလား "
မြို့တော်ခန်းမ တံခါး ပွင့်လာတယ်၊ အထဲ က တူရိယာသံကို ကြားရတယ် ၊အေးအေးလေးနဲ့ လွင့်မျောနေသလိုပဲ။Hallucius နဲ့ Ellena က ကပွဲခန်းမထဲကို ဖြည်းဖြည်းလေးဝင်လာတယ် ။
"သင်တို့ရဲ့ ဝိုင်ခွက်တွေ ကို မြှောက်ပြီး မြို့စားမင်းနဲ့ မြို့စားမင်းကတော်ရဲ့ ၃၄ နှစ်တာ မင်္ဂလာသက်တမ်းကို ဂုဏ်ပြုလိုက်ကြပါစို့"

YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs