(Unicode)
မြို့ တောင်ပိုင်းက နေ မြောက်ပိုင်း ကို ပြန်ရောက်လာပြီးနောက် Ellena ဟာအရင်ထက် ပိုစကားနည်းသွားတယ် ။ တစ်နေ့တစ်ခြား ဖြူဖျော့လာတဲ့ သူမဟာ အစာကောင်းကောင်းမစားဘူး၊
နောက်တော့ သွေးအားနည်းရောဂါ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်လေးကို လက်ကိုင်ထားပြီး နေ့တိုင်းလိုလို အိပ်ယာထဲမှာ ခွေခေါက်နေတယ်။စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု လို့ခေါ်ဖို့ကလည်း ခက်တယ်
၊ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုလို့ ပြောရင် ပိုမှန်မယ် ပေါ့ ။သူမအရွယ်နဲ့ သူမရင်ဆိုင်နေရတဲ့ ကံကြမ္မာနဲ့ဟာ ဘယ်လိုမှမလိုက်ဖက်အောင်ကို ရှုပ်ထွေးနေတယ် ...။Literature သင်ပေးတဲ့ ဆရာမဟာ သူ့ကို နေ့တိုင်းလိုလို အိပ်ယာဘေး မှာ စာလာလာ ဖတ်ပြတယ် ။
ပြဇာတ် ၊စကားပြေ နဲ့ ကဗျာ အရေးအသားတွေကို သူပြန်လေ့လာဖြစ်တယ် ၊ အချိန်ရလို့ စိတ်အေးလက်အေးရှိပြီး သင်ချင်စိတ်ပေါ်တဲ့အခါ ဇာထိုး ပန်းထိုး ဆက်သင်တယ် ။
ဒါပေမယ့် သေချာတာတစ်ခု က သူဘယ်တော့မှ တယောထိုးတော့မှာ မဟုတ်ဘူး ။
"ပြန်ရောက်လာတာ တစ်လပြည့်ပြီ "
ဂါဝန်ဖားဖားကြီးဝတ်ထားတဲ့ Julia ဟာ Ellena ရဲ့ ခုတင်ဘေးဝင်ထိုင်ရင်း တိုးတိုးလေးပြောတယ် ၊ သူ့ဂါဝန်က ဖဲကြိုးနဲ့ လုပ်ထားတဲ့ နှင်းဆီပွင့်တွေဟာ သိပ်လှတယ် ၊ Julia ဟာ Ellena ကိုကြည့်နေတယ် ၊ Ellena သိတယ် ၊Julia က ပြဇာတ်ဆန်ဆန် သက်ရောက်မှုကိုအသုံးချချင်တာ ။
"တောင်ပိုင်းဘုရားကျောင်းမှာ ဘာဖြစ်ခဲ့ လဲ ပြောပြချင်လား Ellena "
Ellena ခေါင်းခါပြတယ် ၊Julia ပြုံးတယ် ။
"ရတယ် ဘာမှ မဖြစ်ဘူး ....အဆင်သင့်ဖြစ်ရင်ပြော ဟုတ်ပြီလား "
တကယ်က ဘာကို ပြောရမလဲ ကို မသိဘူး ၊
တယောသင်ပေးတဲ့ ဆရာနဲ့ ချစ်ကြိုက်ခဲ့တယ်ပြောရမှာလား ?သေသွားတဲ့ ပရော်ဖက်ဆာကို တွေ့ခဲ့တယ်ပြောရမလား ?
ဒါမှမဟုတ်
ပရော်ဖက်ဆာ က ထူးဆန်းစွာ ဆယ်နှစ်ငယ်နေတယ်လို့ ပြောရမှာလား ?
KAMU SEDANG MEMBACA
Black Paradise
Fiksi Remajaဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs