(Unicode)
Black Paradise ရဲ့ လှပတဲ့ မနက်ခင်းမှာ
ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ မြို့တော်အလှကို မြင်ရမယ် ။ မိုးရေစက်တွေကြားမှာ
မြို့တော်သူမြို့တော်သားတွေရဲ့ ပျော်ရွှင်မှုခြေလှမ်းတွေ ကို စိုစွတ်တဲ့ လမ်းမထက်မှာ တွေ့ရမယ် ။ချစ်စရာကောင်းတဲ့ Ellenaလေးဟာ အသက် ငါးနှစ် ရှိပြီ ။ မိုးရွာနေတဲ့ မနက်ခင်းပြတင်းပေါက် ဘေး မှာ ထိုင်ရင်း လက်ဖက်ရည်သောက်ရတာကို သဘောကျတယ်၊ ကလေးမလေးဟာ လက်ဖက်ရည် ခွက်နွေးနွေးလေးကို လက်နှစ်ဘက်နဲ့ ကိုင်ပြီး ဖြည်းဖြည်းလေး သောက်တတ်တဲ့ အကျင့်ရှိတယ် ။
ပြတင်းပေါက်ကနေကြည့်လိုက်ရင် စနေနေ့ည
ကပွဲအတွက် ဝတ်စုံအပ်ဖို့ သွားနေတဲ့ မိန်းမလှလေးတွေ ၊ မြို့တော်ခန်းမရှေ့ က ဖြတ်သွားတဲ့သားနား တောက်ပြောင်တဲ့ အနက်ရောင် မြင်းလှည်းတွေ ၊
သေသပ်ပြီး အချိန်တိကျတဲ့ စာပို့သမား ၊
Classic suit ကိုဝတ် ပြီး စတိုင်ကျကျသွားနေကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေ ။ဒီမြို့ဟာ သိပ်လှပြီး စွဲမက်စရာကောင်းတယ် လို့ ထင်တယ် ။
Ellena တို့နေတာ မြို့မြောက်ပိုင်း ၊ သိပ်လှတဲ့ နေရာ ..
ဒါပေမယ့် ဒီမြို့က လူတွေဟာ အနက်ရောင်ကို သဘောကျသလောက် တခါတလေ သူတို့လောက် အရောင်စုံမြို့တော်တွေ ကို တမ်းတတာလည်း သူတို့ပဲ ။မြို့တော်ကြီးဟာ တောက်ပတယ် ၊ခမ်းနားတယ် ပြီးတော့ ချမ်းသာကြွယ်ဝတယ် ။ ဒါပေမယ့် မြို့ကလူတွေ က အမြဲ မကျေနပ်သလိုပဲ ၊
သူတို့ဟာ ပိုသာယာတဲ့ မြို့ တွေ၊ ပို လှပတဲ့ နေရာတွေကို အသစ်အသစ်ကို ရှာချင်ကြတယ်။လူဆယ်ယောက်မှာ ငါးယောက်လောက်ရဲ့ အိပ်မက်ဟာ ရွက်လွှင့်ထွက်ခွာပြီး တခြားတိုင်းပြည်က မြို့တွေကို လည်ပတ်ဖို့ဖြစ်တယ် ။
Ellena ရော ပရော်ဖက်ဆာရောဟာ ဒီမြို့ကနေ ထွက်မသွားချင်ဘူး ၊ထာဝရအခြေချမယ်။ ဒါဟာ သေချာတဲ့ အမှန်တရားတစ်ခုလို့ Ellena ယူဆတယ် ။
ဒါပေမယ့် သူမ မှား သွားခဲ့တယ် ။
တစ်နေ့မှာ ပရော်ဖက်ဆာဟာ အထုပ်တွေ ပြင်နေခဲ့တယ် ၊ဒါပေမယ့် မနက်ဖြန်က သူမ ငါးနှစ်ပြည့်မွေးနေ့ ..။
YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs