"မင်း ဒီမင်္ဂလာ ပွဲကို တကယ်ဆက်လုပ်မှာလား "
တိတ်ဆိတ်နေတဲ့ အခန်းထဲကို ပြတင်းပေါက်က နေရောင်ဖျော့ဖျော့ ကျနေတယ် ၊ငှက်ကလေးတစ်ကောင်လာနားတယ် ၊
ပြတင်းပေါက်ဘောင်ပေါ်က ပန်းအိုးလေးကို နှုတ်သီးလေးနဲ့ စမ်းကြည့်နေတယ် ။ဖာသာက တိုးတိုးလေးမေးတယ် ၊Hallucius ကခြောက်ကပ်စွာရယ်တယ် ။
"ဘာဖြစ်လို့ ဆက်မလုပ်ရမှာလဲ "
နောက်ထပ်ငှက်ကလေးတစ်ကောင်ရောက်လာတယ်၊ ခုနက ငှက်လေး ခေါင်းကို ဖွဖွလေး ဆိတ်နေတယ် ။
"ဒါပေမယ့် Ellena အဖေ သေသွားပြီလေ "
"Ellena အဖေ သေတာ Ellena သေတာမှ မဟုတ်တာ "
ခုနက ငှက်ကလေးနှစ်ကောင် အတူတူ ပျံသွားကြတယ်၊ပြတင်းပေါက်ဘောင်လေးဟာ အသက်မဲ့ စွာ ငြိမ်သက်သွားပြန်တယ် ။
ဖာသာက Hallucius ကို ထိတ်လန့်စွာ ကြည့်တယ် ၊Hallucius ကရယ်တယ် ၊သူ့ရှေ့က ဖန်ခွက်ထဲက သောက်လက်စအရက်ကိုတစ်ကျိုက်တည်းကုန်အောင် မော့ချလိုက်တယ်။
"တော်တော့ မူးမယ် .....သတို့သားက ဖာသာရှေ့လာပြီး သောက်နေတာ ကြည့်ကောင်းသလား ? ဟင် ? "
ဖာသာဒေါသနဲ့ အော်တယ် ...Hallucius က မဲ့ ပြုံးပြုံးတယ် ။
"မင်္ဂလာပွဲစဖို့ ၁၅မိနစ်လိုသေးတယ် ၊မင်းသေချာ ပြန်စဉ်းစား ""သတို့သမီး ရော သတို့သားရောရှိနေတယ် ..... သတို့သမီး အဖေဆုံးသွားတာ ဘာအရေးလဲ "
Hallucius ပေါ့ပြက်ပြက်ပြောတယ် ၊အခန်းဝ မှာ Daniel ရပ်နေတယ် ၊ပိုးတုံးလုံးလေးက အရန်ပန်းကြဲ ဝတ်စုံဝတ်ထားတယ်၊လူကြီးလူကောင်း အသေးစားလေးနဲ့ တူတယ် ။
"Ellena မသိဘူးလေ ပြဿနာက Ellena မသိဘူးလေ ...... ဆုံးသွားတာမပြောနဲ့ ၊သူ့အဖေ ပျောက်နေတာ တောင် မသိဘူးလေ ၊Vendas သတ်လိုက်မှန်းသာသိရင် "
"ဖာသာ ၊ကျွန်တော် ပြောတာ နားထောင် ...Vendas ဘာလုပ်လုပ် ကျွန်တော် စိတ်မဝင်စားဘူး ...ဒီမင်္ဂလာပွဲကို ကာကွယ်ဖို့ကတော့ ကျွန်တော့်တာဝန်ထား "
Hallucius က အောက်ခံအိတ်ကပ်ထဲကို ဓားတစ်ချောင်းထည့်လိုက်ပြီး ကုတ်အကျီၤကို ပြန်ဝတ်လိုက်တယ် ။
YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs