မိုးတွေ ရွာနေတဲ့ ပြတင်းပေါက် အပြင်ဘက်ဟာ သာမန်ထက်ပို ပြီး ဝေဝါးနေတယ် လို့ ခံစားရစေတယ် ၊လျှပ်စီးလက်လို့ တောက်ပသွားတဲ့ ကောင်းကင်ဟာ ဘယ်လောက် ပိုလင်းသွားတယ် ဆိုတာထက်မိုးသည်းထန်စွာ ရွာနေတဲ့ ည ဟာ ပို ပိုမှောင်သွားတယ် လို့ထင်ရစေတယ် ။
ပါမောက္ခ Daniel ဟာ ပင်ပန်းကြီးစွာ နဲ့ ခုတင်ပေါ်ကနေ ထဖို့ ကြိုးစားတယ် ၊တံခါးဆီကို ပြေးဖို့ ကြိုးစားပေမယ့် ခြေလှမ်းတိုင်းကို အိုမင်းခြင်း ဇရာကတိုက်စားသွားတဲ့ အတွက် ခုတင် ပေါ်က အဆင်း မှာတင် ယိုင်နဲ့စွာ လဲကျတော့မလိုဖြစ်သွားတယ် ။
"မတွေ့တာကြာပြီနော် မိတ်ဆွေကြီး Daniel "
Hallucius ရဲ့ ၁၅နှစ်သားအရွယ်ပုံစံဟာ ထိတ်လန့်ဖို့ အရမ်းကောင်းတယ်၊ နာနာဘာဝပူးကပ်နေတဲ့ လူငယ်လေး တစ်ယောက်လိုပဲ ၊အိပ်မက်တွေနဲ့ မျှော်လင့်ချက်ကင်းမဲ့ နေတဲ့ မျက်ဝန်း တစ်စုံဟာ သွေးဆာခြင်းနဲ့ ရက်စက်ခြင်းတွေပဲ ကျန်တယ်။
" အဆင်ပြေရဲ့လား ...ကျန်းမာရေး ချို့တဲ့တယ်နော် အဟက် "
Hallucius ဟာ လှောင်ရယ်ရင်း Daniel ကိုလက်ကမ်းပေးတယ် ၊အိုမင်း ပြီး နေမကောင်း ဖြစ်နေတဲ့ Daniel ဟာ သူ့ကိုကူကယ် ပေးမယ့်သူမရှိဘဲ ဒီအတိုင်း အိပ်ခန်းထဲက ထွက်ဖို့ ယုံကြည်ချက် မရှိဘူးဆိုတာသေချာ သိတယ် ။
မိုးချူန်း သံ ကို ထပ်ကြားရပြန်ပြီ ။
နာရီစင်ဟာ ညသန်းခေါင် တိတိ မို့ ဆယ့်နှစ်ချက်တီးတဲ့ အသံကို ကြားရမှာ ဖြစ်ပေမယ့် မိုးကြိုးပစ်တဲ့ အသံနဲ့ ခေါင်မိုးတွေကို ထိခတ်နေတဲ့ မိုးသည်းသည်း အသံကြားမှာ ဝေဝါးသွားတဲ့ အတွက် သုံးချက်လောက်ပဲသဲ့သဲ့ လေးကြားရတော့တယ်။Daniel ဟာ Hallucius ကမ်း ပေးတဲ့ လက်ကို လျစ်လျူရှုပြီး သူ့ဘာသာ ကြိုးစားပြီး မတ်မတ်ရပ်ဖို့ကြိုးစားတယ် ။
" ကျုပ်ကိုမြင်ရလို့ လန့်နေတာ အသာထား ..ကျုပ် ပထမဆုံး မေးတဲ့ မေးခွန်း ကို ဖြေ ပါ .....Ellena ဘယ်သွားလဲ "
"ငါမသိဘူး ..ဘာလို့ မင်းငါ့ကို လာမေးတာလဲ "
Daniel ဟာ ခုတင်ဘေးက ခုံမှာ ထိုင်ဖို့ ကြိုးစားတယ် .....Hallucius ဟာခြောက်ကပ်စွာ ရယ် တယ် ။
YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs