(Unicode)
အလင်းဖျော့ဖျော့လေးကျနေတဲ့ သစ်သားကြမ်းပြင်ထက်မှာ စကားသံတိုးတိုးလေးထွက်လာတယ်။
"ငါဘုရင်ကိုသတ်လိုက်တယ် "
ဆံပင်တွေ ပွနေတဲ့ ကောင်လေးက စိတ်လှုပ်ရှားစွာပြောတယ် ၊သူ့လက်ထဲက ဓားလွတ်ကျသွားတယ်...ဘေးက သွေးအိုင်ထဲကအလောင်း ကိုကြည့်ပြီး တုန်တုန်ရီရီဖြစ်နေတယ် ။
"ဘာမှ မဖြစ်ဘူး ...ရှင်မှန်တယ် ...ရှင်က ထီးနန်းနဲ့ ထိုက်တန်တဲ့ သူ "
လက်မှာ သွေးတွေ ပေနေတဲ့ ကောင်မလေးက ခုနက ကောင်လေးကို ဖက်ထားရင်းပြောတယ် ။
"သြော် အင်း ဘာဖြစ်ဖြစ် တော်သေးတာပေါ့နော် "
ဖက်နေတဲ့ ကောင်မလေး ရပ်သွားတယ် ...ကောင်လေး ကိုပြူးကြည့်တယ် ။ဘေးက လဲကျနေတဲ့ အလောင်းကလည်း ပြူးကြည့်တယ် ။လိုက်ကာဆွဲရမယ့် လူကလည်း ပြူးကြည့်တယ်. .။
တခြား ပြဇာတ် အဖွဲ့သားတွေလည်း ပြူးကြည့်ကြတယ် ...။
"မင်း အဲ့ နေရာ မှားပြောတာ ခြောက်ခါရှိပြီဆိုတာသိလား "
Ellena က ဒေါသနဲ့ စင်ပေါ်ကို တက်လာတယ် ....ခုနက လဲကျနေတဲ့ လူသေအလောင်းဟာ ဆတ်ခနဲ ထထိုင်တယ်၊ ပြီးတော့ ကြောက်လန့်တကြား မတ်တတ်ထရပ်တယ်။
"နင် ပြန်လှဲနေ "
Ellena အော်တော့ လူသေလုပ်တဲ့ သူက ဆန့်ဆန့်ကြီး ပြန်ပြေးလှဲတယ် ။
"နင် အဲ့ နေရာကို နည်းနည်း ဂရုစိုက်ပေးပါလား ..ဟင် ? "
"ဟုတ် ဟုတ် ..နောက် မဖြစ်စေရပါဘူး "Ellena က အလိုမကျစွာ ပဲ နှစ်ယောက်လုံးကိုကြည့်တယ် ၊ပြီးတော ခုနက ဓားကို ကောက်ကိုင်ပြီး ယောကျ်ားလေးနေရာက သရုပ်ဆောင်ပြတယ် ...
"ငါ ဘုရင်ကို သတ်လိုက်တယ် "
" ဘာမှမဖြစ်ဘူး ရှင်မှန်တယ် ...ရှင်က ထီးနန်းနဲ့ ထိုက်တန်တဲ့ သူ "
Ellena တံတွေးတစ်ချက်မြိုချရင်း ...သူ့ကိုလာဖက်တဲ့ ကောင်မလေး ကို တိုးတိုးလေးကပ် ပြောတယ် ၊ မျက်စိတွေ ကို မှိတ်ထားတယ် ...။
"ငါ ကြောက်တယ် ၊ငါ ..ငါအလင်းရောင်တွေ ကိုကြောက်တယ် ၊ ငါအရာရာကို ကြောက်တယ် ၊ငါဟာအပြစ်သား "
![](https://img.wattpad.com/cover/66826889-288-k702926.jpg)
KAMU SEDANG MEMBACA
Black Paradise
Fiksi Remajaဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs