(Unicode)
ညစာလိုက်ကျွေးချင်လို့ပါတဲ့ မမလေး "
Ellena က သူ့အမေ Veronica ကို ကြည့်တော့ Veronica က လိုက်သွားစေချင်ပုံ လုပ်ပြတယ် ။
"Julia က ဟမ်းနီး မွန်းထွက်သွားတော့ အိမ်ဘယ်သူစောင့်မလဲ ? "Ellena က မကျေမနပ်ပြောတယ်။
"အမေစောင့်မယ်လေ ၊ သွားလိုက်ပါ "
Ellena လည်း ဘာမှ မပြောဘဲ ယာဉ်မောင်းနောက်လိုက်လာတယ် ၊ အမိုးအောက်မှာ ရပ်ထားတဲ့ လိပ်ခုံးကားလေး ၊
အနက်ရောင် ပြောင်လက်နေတယ် ။ကားရှေ့မီးထိုးထားတဲ့ အလင်းတန်းမှာ မိုးရေစက်ရေမွှားလေး တွေ မြင်ရတယ် ။မှန်ပိတ်ထားတဲ့ ကားပြတင်းပေါက်ကို မိုးရေစက်လေးတွေ လာရိုက်ခတ်နေတယ် ။
ကားနောက် ခန်း ထဲမှာ Hallucius နဲ့ Ellena အတူထိုင်နေကြတယ် ၊ Hallucius က Ellena လက်ကို ဖွဖွလေး ကိုင်လိုက်တယ် ။
Ellena က လက်ကို အမြန် ပြန်ဆွဲယူပြီး ဟိုဘက်လှည့့်သွားတယ် ၊ ဒီတစ်ခါ ပြန်လာတဲ့အခါ Ellena က အရမ်းကို စိမ်းကားသွားတယ်လို့ Hallucius တွေးမိတယ် ။
ဒီလို သူစိမ်းဆန်ရခြင်း အကြောင်းတရားကို သူသိတယ် ။
Ellena က သူ့ကို ချစ်လည်းချစ် ကျေလည်း မကျေနပ် ဖြစ်နေတယ်။
စားသောက်ဆိုင်ထဲ သူဝင်လာတာနဲ့ စန္ဒရားဆရာဟာ တီးလက်စ သီချင်းကို ရပ်ပစ်လိုက်တယ် ။
"ဘာစားချင်လဲ စပါကတီ ? steak ? " Hallucius က Menu စာအုပ်ကို လှန်လှောရင်း မေးတယ် ...
"ကျွန်မ အီတလီ အစားအစာ ကြိုက်တယ်ပြောမိလို့လား ? "
Ellena က လက်ပိုက်ထားတယ် ၊ မသိရင် လိုချင် တာ မဝယ်ပေးတဲ့ အမေကို ကလေးလေးတစ်ယောက် စိတ်ဆိုးနေသလိုပဲ ။
"ကြိုက်တာပေါ့ ၊ မင်းက classic ဆန်တဲ့ သူဆိုတော့ Carbonara pasta ကြိုက်တယ်လေ "
Hallucius က ရယ်ရင်း ပြောတယ် ၊Ellena ဘာမှ မပြောတော့ဘူး ။
အမြင်ကတ်စရာကောင်းစွာပဲ Piano တီးတဲ့ သူက Fur Elise သီချင်းကို ထပ်ခါထပ်ခါ တီးနေတယ် ....။ ဒါ က တိုက်ဆိုင်တာဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် Hallucius ကြိုမှာထားတာ ဖြစ်လိမ့်မယ် ။
BINABASA MO ANG
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs