ရေကန်ထဲမှာ ဘဲငန်းလေးတွေ သွားနေတယ် ၊
နေသာတဲ့ မနက်ခင်းလေးမှာ Hallucius က လှေတစ်စီးငှားပြီး ချောင်းလေးတစ်လျှောက်မျှောဆင်းလာတယ် ။Ellena က ခြင်းတောင်းအလွတ်လေး ကိုင်ထားတယ် ၊လှေပေါ်မှာ အတူတူ ငြိမ်ငြိမ်လေးထိုင်နေကြတယ် ၊ ပြုတ်ကျမှာ စိုးလို့ ။
လှေသမားက ခပ်ဖြည်းဖြည်းလေးလှော်သွားတယ်။
"စမ်းချောင်းလေးကနေ ရေစီး အတိုင်း ဆင်းသွားရင် နွေရာသီ လွင်ပြင်လို့ ခေါ်တဲ့ ပန်းခြံလေး ကို ရောက်တယ် "
Ellena က သူမ ငယ်ငယ်တုန်းက အကြောင်းတွေ ကို ပြန်ပြောပြတယ် ၊ငယ်ငယ်တုန်းက သူမ အစ်မ Julia ဟာ ပန်းချီ သင်တန်းသွားတက်ရတယ်။
Ellena နဲ့ သူမ အမေ Veronica က Julia ကို လိုက်ပို့ကြတယ် ။
"Julia ကို anger management အတွက် ပန်းချီကျောင်းကို ပို့တာ ၊ကျောင်းချိန်က နေ့တစ်ဝက်ကြာတယ် ၊ သီလရှင် စစ္စတာကြီးတွေ သင်ပေးတာ ....ပန်းချီအပြင် ကဗျာတွေ ...carol song တွေလည်း သင်ပေးတယ် "
Hallucius ဆက်နားထောင်နေတယ် ။
"ကျောင်းပို့ပြီး ကျွန်မနဲ့ ကျွန်မအမေနဲ့ ဒီကနေ တမင် ဖြတ်ပြန်ကြတယ် ....ပန်းသီးကောက်ကြတယ် လေ "
Hallucius ရယ်တယ် ၊ဆယ်နှစ် သမီးလေး Ellena နဲ့ သူမမွေးစားအမေ Veronica တို့ ပန်းခြံထဲက ပန်းသီး ကြွေတွေကောက်ရင်း နေရောင်ခြည်အောက်မှာ ရယ်နေကြတာ ကို မြင်ယောင်ကြည့်တယ် ၊ကလေးမလေး Ellena ဟာ သစ်ရွက်ဝါတွေ ကြား သီချင်းဆိုနေတယ် လို့ သူတွေး မိတော့ မနေနိုင်ဘဲ ပြုံးမိတယ် ။
လှေပေါ်က ဆင်းတော့ Ellena ဂါဝန်စတွေ ရေစိုကုန်တယ် ၊ Ellena ဂရုမစိုက်ဘူး။ လေရူးသုန်သုန် တိုက်ခတ်နေတဲ့ သစ်ရွက် ကြွေ တွေ ကြား သူမပြေးသွားတယ် ။
"ပန်းသီးတွေ ပန်းသီးတွေ "
Hallucius ရယ်ရင်း အနောက်ကနေ ဖြည်းဖြည်းလေး လိုက်လာတယ် ။
Ellena နဲ့ သူ့ရဲ့ first date တိုင်းက ရယ်စရာကောင်းတယ် ။
အရင် ဘဝတုန်းက သူတို့နှစ်ယောက်ရဲ့ first date ဟာ ငါးလေးတွေကို ပေါင်မုန့်ကျွေးတာ ဖြစ်ပြီး ....၊
ဒီဘဝရဲ့ First date ဟာ ပန်းသီးကောက်တာ ဖြစ်တယ် ။
YOU ARE READING
Black Paradise
Teen Fictionဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs