Flashback
( Before Ellena's death )
(Unicode)
ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ပြီး သာယာတယ် ၊
စစ်ကြိုခေတ် လန်ဒန်မြို့ဟာ အေးချမ်းပြီး အနည်းငယ် ပျင်းစရာကောင်းတယ် ။ကြီးမားတဲ့ ခြံကျယ်ကြီးထဲ မှာ နှင်းဆီပင်တွေ စိုက်ထားတယ် ၊ရုတ်တရက် ခြံထဲကို အရပ်ရှည်ရှည် နဲ့ လူတစ်ယောက် ဝင်လာတယ် ၊စာရွက်တွေ ကိုင်ပြီးတော့ ။
"မင်္ဂလာပါ ၊ကျွန်တော် ဆရာကြီး နဲ့ တွေ့ချင်လို့ပါ "
ပန်းပင်တွေရေလောင်းနေတဲ့ မိန်းကလေးက အရပ်ခြောက်ပေကျော် လူကို ခြေဆုံး ခေါင်းဆုံး ပြန်ကြည့်ရင်း အထင်သေးစွာ အကဲဖြတ်တယ်။
အသားရောင်ဖျော့ဖျော့ အစိမ်းရောင် မျက်ဝန်းတွေ နဲ့ လူဟာ သိပ်ဖရိုဖရဲနိုင်တယ် ။
"ကျွန်မဖေဖေ မအားသေးဘူးရှင့် သူဒီနေ့ ပရော်ဖက်ဆာကြီး တစ်ယောက်နဲ့ ချိန်းထားတယ်၊ပြန်လိုက်ပါ "အဲ့ စကားကို ကြားတော့ ဟိုလူက ခပ်တိုးတိုးရယ်တယ် ၊ပြီးတော့ ဆက်ပြောတယ်။
"စောင့်နိုင်ပါတယ် ဗျာ ...စောင့်ပါမယ် "
"အဲ့လိုဆိုလည်း ဧည့်ခန်း မှာ စောင့်နေလိုက်ပါ "
နောက် တစ်နာရီလောက်ကြာတော့ ခေါ်သံကြားရတယ် ။
"သမီး Ellena !!! "
"ရှင် ?! လာပြီ ဖေဖေ "
"ရက်စက်လိုက်တာ သမီးရယ် ၊ဘယ့်နှယ် ပရော်ဖက်ဆာ Hallucius ကို တစ်နာရီကျော်ထိုင်စောင့်ခိုင်းရတာလဲ ? အားနာစရာတွေ ဖြစ်ကုန်ပြီ ။ ဖေဖေ့ စာဖတ်ခန်းထဲ ကို လွှတ်လိုက်ပါပြောတယ်လေ "
"ကျွန်တော် အစောကြီးရောက်တာကို ဗျာ ၊သူက သူ့အဖေမအားဘူးဆိုပြီး ခြံဝမှာတင် အော်ထုတ်တာဗျာ ၊ကျွန်တော့်မှာ မျက်နှာ ငယ်လေးနဲ့ ဧည့်ခန်းထဲမှာ .... "
Ellena နားမလည်နိုင်စွာ ကြည့်တော့ Hallucius က အနောက်ကနေ ပြောင်စပ်စပ်နဲ့ လျှာထုတ်ပြတယ် ၊ပြီးတော့ ချက်ချင်း မျက်နှာ ပြန်တည်သွားပြီး ဟိုဘက်လှည့်သွားတယ် ၊မသိရင် သူမဟုတ်သလိုပဲ ။
ESTÁS LEYENDO
Black Paradise
Novela Juvenilဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs