မြို့ပြင်ကလမ်းတွေဟာ မိုးရေစက်တွေကြောင့် မြေသား တွေပျော့နေတယ်၊
မညီညာတဲ့ မြေသား တွေကြား ကရေဝပ်နေတဲ့ နေရာတွေဟာ အရှိန်ပြင်းစွာ မောင်းလာတဲ့ မြင်းလှည်းတစ်စီးရဲ့ ဘီးလုံးတွေကြောင့် ဘေးဘက်ကို ရေစက်တွေ ဖွားခနဲ စင်ကုန်တယ်။Ellena ဟာ သတိရလာပြီ ၊
မျက်လုံးတွေမဖွင့်နိုင်သေးမှာခင် သူရင်းနှီးနေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်နံ့ကိုရတယ် ။တချို့သီချင်းသံတွေကြားရင် အတိတ်ကို ပြန်အောက်မေ့စေတတ်သလို
အနံ့တွေဟာ လည်း မှတ်ဉာဏ်တွေကို တူးဖော်တတ်တယ် ။တစ်စက္ကန့်အတွင်းမှာ တင် ပုံရိပ်တွေအများကြီးဖြတ်ပြေးသွားတယ် ..
အခိုက်အတန့်ပေါင်းများစွာ ...
အမှတ်တရပေါင်းများစွာ .. ။အဲ့လူရဲ့ ကိုယ်သင်းရနံ့ဟာ
နှင်းဆီနက် စံအိမ်ရဲ့ စမ်းသပ်ခန်း က တံခါးရဲ့ ပတ္တာသံကိုကြားယောင်စေတယ် ၊
ဒါမှမဟုတ် ဘုရားကျောင်းက ခုံတန်းရှည်တွေရဲ့ အေးစက်တဲ့ အထိအတွေ့လား ၊ကပွဲခန်းမ ရဲ့ ချောမွေ့တဲ့ စကျင်ကျောက်သားကြမ်းပြင်ကို ဖိနပ်အမာ နဲ့ ဖြတ်လျှောက်ခဲ့တဲ့ ခြေလှမ်းတွေ။ခြံထဲက နှင်းဆီတွေ ၊ ဆူးကိုင်းတွေ မရှည်လာအောင် ကိုယ်တိုင်မညှပ်ဖြစ်ခဲ့တာတောင်ကြာပြီပဲ။
Ellena ဟာ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်တယ် ၊သူမဟာ အခုချိန်မှာ ကြောက်တယ် ..စိုးရိမ်တယ် ဆိုတာမျိုးမရှိဘဲ
နှစ်ညလောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့တဲ့ ကလေးပေါက်စလေး အိပ်ရေးဝပြီး အမေနို့ဆာ လို့ နိုးလာတဲ့ စိတ်အခြေအနေမျိုး ဖြစ်နေတယ်။မြင်းလှည်းနောက်ခန်းထဲမှာ ရောက်နေတယ်ဆိုတာတော့သိတယ် ၊
ထဖို့ကြိုးစားတော့ လက်တွေကို ကြိုးတုပ်ထားတာ သတိထားမိတယ် ၊ဒါပေမယ့် သူ အရမ်းကြီး စိတ်မပူဘူး ။လက်ချောင်းထိပ်လေးတွေကို ထိကြည့်တယ် ...ထိတာသိသေးတယ် ..ခြေချောင်းထိပ်လေးတွေလည်း လှုပ်လို့ရသေးတယ် ၊ ကံကောင်းလိုက်တာ လို့Ellena တိတ်တိတ်လေးတွေးတယ် ..။
ESTÁS LEYENDO
Black Paradise
Novela Juvenilဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs