Black Paradise ...။
ထူးဆန်းပြီး အေးစက်နေတဲ့ မြို့ကြီး ဟာ
အနက်ရောင်တောက်ပ ပြီး ခမ်းနား ထည်ဝါတယ်။
ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေ ရဲ့ နေရာဖြစ်သလို ၊အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝိုင်တွေ ကို ဆိုင်တိုင်းမှာ ဝယ် လို့ ရတယ် ။အထက်တန်းစား ပိုးထည်စတွေ နဲ့ ချုပ်ထားတဲ့ ဂါဝန်တွေ ၊အေးချမ်းပြီး တောက်ပနေတဲ့ အနာဂတ်မှာ အထီး ကျန်ခြင်းဆိုတာကို မြို့သားတွေ ဟာ ယဉ်ပါးနေကြတယ် ။
Black paradise ဟာ တခြား မြို့တွေ ထက် ပိုတိတ်ဆိတ်တယ် ၊အေးချမ်းတယ် ၊
အထီးကျန်ခြင်းကို အေးချမ်းခြင်းလို့ မြို့အုပ် ကိုယ်တိုင်က ယူဆတယ် ။သူတို့ရဲ့ အနက်ရောင် မှော်ကမ္ဘာ လေး ထဲ မှာ သူတို့ နေ့စဉ် ဘဝတွေ လည်ပတ်နေကြတယ် ။
အနက်ရောင် မြို့တော်ကြီး ဟာ
တနေ့ မှာ White Paradise ဖြစ်သွားတယ် ၊
နှင်းတွေ ကြောင့်ပေါ့ ။ဒါဟာ မြို့တော်ကြီး ကိုထူးခြားပြီး လှပစေတယ် ။
"ချောကလက်ဘောလုံးတွေ ....ချောကလက်ဘောလုံးတွေ ....ထင်းရှူးခဲတွေ ......
ဆောင်းရာသီ လျှော့ဈေးပါ "လူတစ်ယောက်ဟာ ခေါင်းလောင်းကို တီးရင်း ဆိုင်ရှေ့မှာ အော်နေတယ် ၊ဆိုင်ထဲက တံခါး မဖွင့်သေးပေမယ့် ဆိုင် ရှေ့က လူအုပ်ကြီး ဟာ တန်းစီနေပြီ ။
"စပါပြီ !!! ဈေးရောင်းပွဲတော်ပါ ခင်ဗျား "
ကလေး တွေ လူကြီးတွေ အကုန် ပြေးလွှားနေကြတယ် ၊အရမ်းပျော်နေကြတယ် ။
ဈေးရောင်းပွဲတွေ နေရာအနံှ့ လုပ်တယ် ၊တစ်မြို့လုံး ယောက်ယက်ခတ်နေတာပဲ ။ဒါဟာ လူ့ဂွစာတစ်ယောက်အတွက်တော့ စိတ်ရှုပ်စရာဖြစ်တယ် ။
"သိပ်စိတ်ရှုပ်စရာကောင်းတဲ့ ရာသီပဲ "
ပရော်ဖက်ဆာ Hallucius က တိုးတိုးလေး ပြောတယ် ၊Ellena အသက် ၄နှစ်ကျော်အချိန်ဖြစ်ခဲ့တယ် ။
ကလေးတွေ ဟာ နှင်းဖုံးနေတဲ့လမ်းမပေါ်မှာ အထိန်းအကွပ်မရှိ ဆော့ကစားကြတယ် ၊
တချို့ကလေးတွေ နှင်းပေါ်လှဲအိပ်တယ် ၊တချို့ကလေးတွေ တစ်ယောက်ကို တစ်ယာက် နှင်း လုံးတွေ နဲ့ ကောက်ပေါက်ကြတယ် ။
ESTÁS LEYENDO
Black Paradise
Novela Juvenilဘာသာပြန်ဝတ္ထုမဟုတ်ပါ Novelist : Crystal Miyo Type : Own creation work Genre : Classic , Retro Liscence : [CC ] Non-Com, No derivs