Chapter 15 Breaking Out

2.3K 299 41
                                    

လှပတဲ့ ကန်ရေပြင်ဘေးမှာ ပန်းလေးတွေ ပွင့်နေတယ် ၊ချစ်စရာကောင်းတဲ့ မိန်းကလေး ငယ်အချို့ ရယ်မောနေကြတယ် ။

Ellena ဟာ မျက်စိကို မှိတ်ထားလိုက်တယ် ။
သူမငယ်ငယ်တုန်းက သိပ်ကို ကြောက်ခဲ့တဲ့ အရာ အချို့ကို ပြန်စဉ်းစားကြည့်တယ်။

ပထမတစ်ခုကမွေးနေ့ ။
သူမ မွေးနေ့ပွဲတွေ ကို ကြောက်တယ် ၊ဘာဖြစ်လို့လဲဆိုတော့ သူမမွေးနေ့မှာ ပရော်ဖက်ဆာ သေခဲ့တယ် လို့ ထင်နေတယ် ။

တခြား ကလေးတွေ လွတ်လပ်ရယ်မောပြီး ပါတီပွဲကျင်းပနေတာကို မြင်ရတိုင်း ခေါင်းလေး ငုံ့ထားမိတယ်။

"သမီး Emma ကို လက်ဆောင် သွားပေးလိုက်လေ "

အမေ ဖြစ်တဲ့ Veronica က လက်ထဲက အထုပ်လေး ထည့်ပေးတယ် ၊
Ellena ဟာ သူမနဲ့ မသိတဲ့ Emma ဆိုတဲ့ မိန်းကလေးကို အမေ ချင်း ခင်တာမို့ ဘုမသိ ဘမသိ သွား မိတ်ဆက်ပြီး လက်ဆောင်ပေးရတယ်။

စက္ကူကတ်ထူဘူးထဲက အရုပ်သေးသေးလေးတွေ ကြည့်ရင်း Emma ရယ် နေတယ် ၊
ကလေး တစ်ယောက် ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ရယ်သံမျိုးကို Ellena နားထောင်ရင်း
သူမရဲ့ ရွယ်တူ ကလေးမလေးကို အားကျ မိဖူးတယ် ....။

အချိန်ကာလတွေ ထပ်ကြာလာပြန်ပြီ ၊
9နှစ် အရွယ် Ellena ဟာ 16 နှစ် ဖြစ်လာတယ် ။

သူမ သူငယ်ချင်းတွေဟာ စာဖတ်ကလပ်ဆိုတာကို အတုလုပ်ယူတယ် ...
စာပေဆွေးနွေးဖို့ဆိုပြီး အိမ်လာတယ် ၊
မုန့်စားတယ် ....Veronica နဲ့ Julia များ ယောင်ယမ်းပြီး ဝင်လာရင် စာအုပ်ဖတ်ချင် ယောင်ဆောင်ကြတယ်။

"ဘာတွေ ဖတ်နေတာလဲ "

Julia ဟာ ကွတ်ကီး ပန်းကန်လေး နဲ့ တက်လာတယ် ၊
Ellena သူငယ်ချင်း တွေ ဟာ ဖြေရခက်နေတယ် ...Jinny ဆိုတဲ့ တစ်ယောက်က ဝင်ဖြေတယ် ။

"ရှိတ်စပီးယားရဲ့ မိုနာလီဇာ ဝတ္တုလေ သိပ်ကောင်းတာ "

တခါတလေ ဒီလို ခွကျတတ်တဲ့ အချိန်တွေက လွဲရင်
ကျန်တဲ့ အချိန်တွေက ပျော်ဖို့ကောင်းပါတယ်။

သူမ သူငယ်ချင်းတွေ က အတင်းတုတ်ရတာ ဝါသနာပါတယ် ။Diana ဆိုတဲ့ ကောင်မလေးက ခရမ်းရောင်ကတ္တီပါဘူးလေးကို ပြတယ် ။

Black Paradise Where stories live. Discover now