ဆူး~၃

15K 1K 8
                                        

Zawgyi
သူထောင်ထားသည်မဟုတ်တဲ့
ထောင်ချောက်ထဲ
သူ့ကြောင့် ကိုယ်ရုန်းထွက်မရခဲ့...

အချစ်ဆိုသည့်အရာကို အချိန်ပေးမစဉ်းစားဖူးတ
ဲ့ကျွန်တော့်အတွက်
အချစ်၏ပူလောင်ခြင်းဆိုသည့်ခံစားချက်ကိုမသိခဲ့သလို အချစ်၏ချိုမြိန်မှုဟူသော ဂုဏ်ဒြပ်တစ်ခုကိုလည်းမမြည်းစမ်းကြည့်ခဲ့ဖူးပေ...

ဖြစ်နိုင်သည့်အချစ်တစ်ခုကိုချစ်မိခဲ့လျှင်
ကျွန်တော်ဒီထက်တော့ ပျော်ရွှင်နေလိမ့်မယ်ထင်ပါရဲ့...
မစသင့်ခဲ့သည့် ခံစားချက်ကို
ပုံဖော်ခဲ့သည့် ကိုယ်ကိုယ်တိုင်ကသိပ်ကို
ရူးမိုက်လွန်းရာကျခဲ့သည်။
................................

စိမ်းညို့ညို့သစ်တော
တစ်ချို့ဖုံးလွှမ်းနေသည့်
မှိုင်ညို့ညို့တောင်တန်းသွယ်သွယ်သည်
ကျိုးတို့ကျဲတဲ စေတီတစ်ချို့နှင့် ပန်းချီကားတစ်ချပ်သဖွယ် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

လိမ္မော်ရောင်သန်းနေသည့် နေဝင်တော့မည့်ဆဲဆဲ
ညနေခင်းဆည်းဆာက ထိုပန်းချီကားကို အရောင်တင်နေသယောင်...

စိုင်းစာအုပ်ဖတ်နေရာမှ ငြီးငွေ့လာသဖြင့်
ဝရန်တာသို့ထွက်လာခြင်းဖြစ်သည်။

"စိုင်းလေး ပျင်းနေပြီလား..."

ဘေးတွင်လာရပ်ကာမေးလာသည့်
သစ်သွေးကို အချိုသာဆုံးပြုံးပြရင်း

"စိုင်းမပျင်းပါဘူး...
အခန်းထဲမှာဆိုတော့ နည်းနည်းမွန်းကြပ်လာလို့
အပြင်ထွက်လာတာပါ။"

"အင်းးးးး"ခေါင်းတငြိမ့်ငြိမ့်နှင့်ကိုသစ်သွေးသည်တစ်ခုခုကို စဉ်းစားနေသယောင်...

"ကိုယ်နဲ့မုန့်သွားစားရအောင်'....
စိုင်းလေးမစားဖူးတာတွေ ကိုယ်လိုက်ကျွေးမယ်လေ..."

"မမရော..."

"ကိုယ်တို့ယောက်ျားချင်းပဲသွားတာပေါ့...။
ရင်းနှီးမှုယူမယ်လေ"

"ok. . ."

လက်နဲ့သင်္ကေတလေးလုပ်ပြသည့် စိုင်းရယ်ပါ။

"ဒါဆို စိုင်းလေးအဝတ်စားလဲပြီးဆင်းလာခဲ့
ကိုယ်ဆိုင်ကယ်ထုတ်ထားမယ်။"

ဆူးWhere stories live. Discover now