ဆူး~ဇာတ်သိမ်းပိုင်း

17.5K 1K 50
                                        

Zawgyi

မနက်စောစောအချိန်ဖြစ်၍အသူရိန်
နေမင်းသည် တောင်စွန်းမှထွက်ပေါ်ရန်
ပျင်းရိလို့နေသေးသည်။

အလင်းရိပ်သဲ့သဲ့သာရှိသေးသည့်
မနက်ခင်းသည် ကြည်လင်မှုအပြည့်ရှိ
နေသည်။

ယောပုဆိုးနှင့်လည်ကတုံးအဖြူကလေး
ဝတ်ကာလှေကားမှဆင်းလာသည့်
စိုင်းကို............ဧည့်ခန်းတွင်းသန့်ရှင်းရေး
လုပ်နေသည့် ဒေါ်လေးကခပ်ပြုံးပြုံးနှင့်
ငယ်လေး......စောစောစီးစီးဘယ်သွား
မလို့တုန်း.........

"ဒီနေ့ကစိုင်းမွေးနေ့လေ ဒေါ်လေး......
စိုင်း ရွှေတိဂုံဘုရားသွားမလို့........."

"အယ် ဟုတ်သား ငယ်လေး
ဒေါ်လေးလည်းအသက်တွေကြီးလာလို့
ထင်ပါတယ်။မှတ်ညဏ်တွေကမကောင်း
တော့ဘူး။မေ့တတ်လိုက်တာလွန်ရော"

"ဒေါ်လေး ဆွမ်းချက်ပြီး နေ့ဆွမ်းဘုန်း
ကြီးကျောင်းကိုကပ်ပေးမယ်နော်....။"

"သာဓုပါဗျာ ဒေါ်လေး ကျေးဇူးလည်းတင်ပါတယ်။
စိုင်းသွားပြီနော်။"

"အေးကွယ်...ကားကိုဂရုစိုက်မောင်းဦးနော်။"

မနက်စောစောကတည်းကဘုရားကို
ထွက်လာပေမဲ့ဘုရားပေါ်ရောက်သည့်
အချိန်နေပင်အတော်မြင့်နေပြီ.........
ထုံးစံတိုင်း စိုင်းဘုရားကိုလက်ယာရစ်
တစ်ပတ်ပတ်ပြီး သောကြာထောင့်
တန်ဆောင်းတွင်ဘုရားရှိခိုးသည်။

နေရောင်မြင်နေရပြီဖြစ်သည့်အတွက်
နေရောင်နောက်ခံနှင့်စေတီကြီးသည်
ရွှေရောင်တဖိတ်ဖိတ်နှင့်လွန်စွာမှ
သပ္ပာယ်လှသည်။

ရင်ပြင်တော်တွင်ဘုရားလာသူအပေါင်း
နှင့် စည်ကားလျက်ရှိသည်။ခေါင်းလောင်း
သံ ကြေးစည်သံ တန်ဆောင်းများမှ
ဝတ်ရွတ်သံများနှင့် ဘုရားရိပ်သည်
စိတ်ချမ်းမြေ့ဖွယ်ရာများနှင့်စိတ်နှလုံး
အေးချမ်းစေသည်။

လက်ထဲမှ နှင်းဆီပန်းဖြူဖြူ ၇ပွင့်ကို
ပန်းအိုးတွင်ကပ်လှူကာဆုတောင်းသည်။

"အရှင်ဘုရား...ဤသို့ကပ်လှူရသောအကျိုးအားကြောင့်ဘုရားတပည့်တော်ချစ်ရသောသူ၏ပျော်ရွှင်မှုကိုဖန်တီးခွင့်ရပါလို
၏။"

ဆူးWhere stories live. Discover now