Zawgyi
မွန်းကြပ်မှုတွေအတွက် ...
ဖြေဖျောက်ပေးနိုင်မည်က
ဘာရှိလဲ။နွမ်းနယ်နေသည့် ကိုယ့်အတွက်
ကမ်းပေးမည့်လက်တစ်စုံလား...ဒါမှမဟုတ်~~~ချစ်ရသူကို
တွေးတောခြင်းလား.........?အမှန်တကယ်တော့ မသိ~~
လွတ်လပ်သည်ဟူသော အခြင်းအရာကို
သာနှစ်သက်သည့် အတွက်
ပေါ့ပေါ့ပါးပါးသာနေခဲ့သည်။
ဒီအတိုင်း ပျော်မှပြုံးသည်မဟုတ်
ကိုယ့်ကိုယ်ကြည့်တိုင်း အရူးလို
အပေါလို ထင်ခံရလောက်နိုင်သည်
အထိကို ခပ်ပျော်ပျော်နေတတ်သည့်ကိုယ်...
အရာရာကို ဘယ်သောအခါမှ အနိုင်မယူခဲ့ဘူး...ဝမ်းနည်းရင်တောင်
စိတ်ထဲက ထုတ်ပြောခဲ့သည်မဟုတ်...
ဒီလောက်ထိတောင်ဆိုတော်သင့်ပြီ...
shit...သူတို့စိတ်ကြိုက် သံတော်ဦး
တင်နေရအောင် ကိုယ်က သူတို့
မွေးထားသည်လား...။မာတာမိခင်တောင်
သူတို့လောက် ကိုယ့်အပေါ်ရိုးမယ်ဖွဲ့ပြီး အပြစ်မတင်ဖူးဘူး...။လက်ထဲရှိ colaဘူးကို
ညှစ်ပစ်လိုက်သည်။စိုင်းအတော်ပင်
ဒေါသထွက်နေသည်။နားထင်ကြော
တွင်ပင်ထောင်နေသည်။လက်သီးကို
ကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။
နီရဲနေသည့် မျက်နှာက ဒေါသကို
ပို၍ပေါ်လွင်နေစေသည်။"အလကားနေယောင့်တတ်တာ...
သူတို့ကိုသူတို့သူတော်ကောင်းမှတ်နေ
လားမသိ...အိမ်မှာ မှန်ပြန်ကြည့်လိုက်ဦး။
စိုင်းနေခက သိပ်ပြီး အပေါ်ယံ
ကိစ္စတွေကို စာဖွဲ့မနေဘူး...။ဟက်
ဒါပေမဲ့ ရမ်းစရာ မရှိ ကိုယ့်ဘက်ကို
အလဟသတော့လာမရမ်းနဲ့...။
တောက်......""စိုင်း နင်စိတ်လျော့ဟာ..."
"ငါသိတယ် ပန်...ဒါပေမဲ့
တစ်ချို့ကိစ္စတွေက ငါ့သည်းခံနိုင်စွမ်းကို
လာဆွနေသလိုပဲ""လက်ညှိုးထိုးပြီး ငါကပဲ
မကောင်းသလို လာပြောနေတာ
နင်မြင်တဲ့အတိုင်း...သူတို့ စိတ်မကြည်တိုင်း ကိုယ်ကခေါင်းလေးငုံ့
သူတို့စိတ်ကြိုက် နေစေချင်သည်လားပဲ။"
......................................................
အခန်းထဲရှိသမျှအခွေတွေဖွကာ
နေသည့် ပန့်ကို စိုင်းဒေါသ
မထွက်~~ ထိုအကြောင်းတွေကို
အစဖော်နေသည့် သူ့ပါးစပ်ကိုတော့
ဆွဲဖြဲချင်သည်။
![](https://img.wattpad.com/cover/95275563-288-k613594.jpg)