Zawgyi
မိုးပေါက်တွေအလုအယက် မှန်ပြတင်းကို
လာစင်ရာမှ မျက်နှာပေါ် တစ်ပေါက်တစ်ပေါက်
နဲ့တစ်ချက်ချက် လာထိမှန်သည့် အေးမြမြ
အရသာကြောင့် နှုတ်ခမ်းပါးထက်အသာပြုံးမိသည်။
မကြာခင် မိုးတွင်းကာလကကုန်တော့မည်။
"တော်သလင်းနေ ပုဇွန်သေတဲ့''
နေ့လည်နေ့ခင်းနေပူပြီဆိုလည်း နွေခေါင်ခေါင်
လိုပူပြင်းတတ်တဲ့ တော်သလင်းကို ထိုသို့
တင်စားခေါ်ကြသလို...မိုးလည်းမရွာလိုက်နဲ့
ရွာပြီဆိုရင်လည်း တကယ့်အသည်းအသန်...
ဝုန်ဒိုင်းကိုချတာ...အေးစိမ့်စိမ့်နဲ့ နှပ်လို့သိပ်ကောင်း
အပျင်းထူဖို့ သင့်တော်တဲ့အချိန်ပေါ့။
ဘာပဲဖြစ်ဖြစ် မိုးတွင်းကကုန်တော့မှာ...
တော်သလင်း ပြီး သီတင်းကျွတ်ပဲ ...
မိုးရေစက်တွေကိုလွမ်းသလိုလိုဖြစ်နေမည့်
ကိုယ့်စိတ်ကိုယ်တွေးမိတော့ ခပ်သဲ့သဲ့ရယ်မိသည်။
ဘယ်နှယ့်...ဆယ်ကျော်သက်အရွက် တွေးကောင်း
ငေးကောင်းတုန်းကလို စိတ်ကူးယဉ်ဆန်နေတတ်သည်က...အခုထိ
နှစ်ဆယ့်ငါးနှစ်သာပြည့်သည်...ငြင်ကဖျောက်လို့မရ။ကဗျာဆန်ဆန်နည်းနည်းလောက်ဆွေးလိုက်ရမှ
စိုင်းနေခဆိုတဲ့ ကျွန်တော်က နေသာထိုင်သာရှိတာ...။
"ဟိုကောင်လေ...အဲ့တံခါးကိုပိတ်စမ်း။"
ဆက်တောက်တောက်အသံကြောင့်လှည့်ကြည့်မိသည်။ကိုယ့်အတွေးနှင့်ကိုယ်ပြုံးစစဖြစ်နေသည့်
နှုတ်ခမ်းနှစ်လွှာသည် အကို့ ကိုလည်းမြင်ရော
ခွီခနဲ အသံထွက်ရယ်မိသည်။
မျက်မှန်နှာထောင့်ကို ပင့်တင်ရင်း ခါးကြီးထောက်
ကာပြောနေသည့် အကို့ပုံစံက ကြောက်စရာမှမကောင်းတာ...
"ကျစ်."..စုတ်တစ်ချက်သတ်ကာ
မနေနိုင်မထိုင်နိုင်
သူကိုယ်တိုင်ပဲအနားလာကာ မှန်တံခါးချပ်ကိုဆွဲပိတ်သည်။
"ရီမနေနဲ့...မင်းကွာ ကိုယ်ဒီလောက်ပြောထားတာ
မိုးစိုမခံနဲ့လို့...အိမ်ထဲနေပြီး ပြတင်းပေါက်မှာများ
သွားပြီးလေသလပ်ခံနေရတယ်လို့..."
"ကိုယ်အပူကငွေ့ငွေ့ကျန်သေးတယ်။အဖျားက
အရှင်းလည်းပျောက်သေးတာမဟုတ်..."နှဖူးပေါ်
လက်တင်ရင်း စိတ်မရှည်သလိုရေရွတ်နေသည့်
ထိုလူကြီး၏မျက်ဝန်းက တစ်ဆင့်မြင်နေရသည့်
စိုးရိမ်ခြင်းရေချိန်ကြောင့် ပီတိဖြာနေသည့်
ကျွန်တော့်မျက်ဝန်းကိုတော့ ထိုလူကြီးဖတ်တတ်မယ်မထင်...။
