ဆူး~၁၉

10.1K 790 12
                                        

Zawgyi

နေ့လည်ခင်းနွေရာသီနေသည်
ခြစ်ခြစ်တောက်ပူသည်။

ကော်ဖီဆိုင်တွင်းတော့လေအအေးပေးစက်ကြောင့် အေးနေသည်။

စိုင်း တတီတီထွက်လာတဲ့ billစာရွက်
နဲ့အတူ ပြန်အမ်းငွေကို ဧည့်သည်ထံ
ပေးသည်။

နေ့လည်ခင်းမို့ဆိုင်တွင်ဧည့်သည်
အတော်အသင့်ရှိနေသည်။ခပ်သင်းသင်း
ကော်ဖီနံ့တစ်ချိန်လုံးရနေသည့် ဒီနေရာ
က စိုင်းအတွက်တော့ နေချင်စဖွယ်ပင်

ကော်ဖီကိုချစ်သည်။ခပ်ညိုညိုကော်ဖီစေ့
လေးတွေကိုချစ်သည်။တစ်ခါတစ်ရံ
chefဆီမှခွင့်တောင်းကာ ဒီဆိုင်ရဲ့
များပြားလှတဲ့ ကော်ဖီမျိုးစုံအကြောင်း
စိုင်းလေ့လာဖြစ်သည်။ရံဖန်ရံခါ
သူပါ ကော်ဖီအမျိုးအစားတစ်ချို့ကို
ဝင်ဖျော်သည်။ညိုတိုတို ကော်ဖီစေ့
လေးတွေကြိတ်ရင်း သူသဘောကျသည့်
ကော်ဖီရနံနှင့်စိုင်းတစ်နေ့လုံးနေဖြစ်သည်။

ဆိုင်ဖွင့်ချိန်က မနက် ၉ ည ၉
စိုင်းဒီ cafeတွင်သာနေ့ရောညပါ
အချိန်ကုန်ဖြစ်သည်။သင်္ကြန်
ပြီးရင်တော့ ညတဆိုင်းဘဲ ဆင်းဖို့
လုပ်ထားသည်။

ဆိုင်တံခါးကိုတွန်းဖွင့်လိုက်သောကြောင့်
ချိတ်ထားသော ခေါင်းလောင်းက
တချွင်ချွင်နှင်မြည်ကာလှုပ်ရမ်းသွားသည်။

ခပ်ပြုံးပြုံးနှင့်စိုင်းရှိရာသို့လျှောက်လာသည့်ရှင်းသန့်

"ကိုရှင်းသန့်.........
ထိုင်ဦး...ဘာသောက်မလဲ။"

"ငါ့ဆိုင်မှာသူက ဆိုင်ရှင်ပြန်လုပ်နေတယ်။"

"ha ha...ကိုရှင်းသန့်ကဗျာ...
ဧည့်သည်ကိုဝန်ထမ်းကဧည့်ဝတ်ပြုတဲ့
အနေနဲ့မေးသင့်တယ်မဟုတ်လား။"

"lemon teaပဲပေး စိုင်း မင်းဖျော်နော်။
casherနေရာငါထိုင်ပေးမယ်။မင်းဖျော်တာသောက်ချင်လို့ငါလာတာ..."

"ဟုတ်ကဲ့ပါဗျာ......casherနေရာ
မထိုင်ပေးလည်းရပါတယ်။လူလည်းအရမ်းကြီးကျတဲ့ချိန်မှမဟုတ်တာ...ထိုင်စရာ
ရှိတာသာသွားထိုင်......ခပ်လန်းလန်း
လေးတွေနဲ့နီတဲ့နေရာရွေးထိုင်ပေါ့..."
ပြောပြီးတခစ်ခစ်ရယ်နေသည့် စိုင်းကို

ဆူးМесто, где живут истории. Откройте их для себя