Zawgyi
တတီတီမြည်နေသော
ဖုန်းသံကြောင့် စိုင်း
စုတ်တစ်ချက်သပ်ကာ စားပွဲပေါ်ရှိ
ph ကို လက်နဲ့အသာစမ်းပြီးကိုင်လိုက်သည်။
မျက်လုံးကတော့မဖွင့်သေး"ဟယ်လို~~~~"
"yarr. . .နေခစုတ်
နင်ဟာလေ ငါ့ကို သတိလေးတောင်
ရဖော်မရဘူး။သေနာကောင်~~~~"အိပ်ချင်နေသည့်စိတ်ကို
ခုန်ထွက်သွားအောင် ပြောတတ်သည့်
ပြာကလပ်စိန်မ ပန်ပန်~~~"ပန်ခတ္တာ နင်ဟာလေ
ဘယ်လိုတောင် အလိုက်ကန်းဆိုး
မသိရတာလဲ။ဘယ်ချိန်ရှိပြီလဲ။ငါအိပ်နေပြီ။""လဒ....နင်ကပဲ
ငါ့ကိုပြန်ပက်ရတယ်ရှိသေး...
နင်လက်ဆောင်ဝယ်လာရမှာ
ကြောက်တာနဲ့ ငါ့ကိုPhမဆက်တာမှတ်လား။""ဟင်း ဟင်း...သိတယ်နော်။"
"ငါမအားလို့ပါဟ~~~ပန်ပန်ရယ်"
"အံမယ်နင်ကမအားရအောင်
ဘာတွေများလုပ်နေလို့လဲ။
နင် နင် မဟုတ်မှလွဲရော~~~~""ဘာဖြစ်တာလဲဟာ
အလန့်တကြား...""မွန်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းစနေပြီလားလို့...
နင်ကပစ်ကြွေပြီး....""ဟဟ ပန်ပန်ရယ်
ငါကပစ်ကြွေစရာမလိုပါဘူး။
ငါ့ကိုပစ်ကြွေနေကြတာသာတစ်ပုံကြီး...""bro က
ဘဝင်လေဟပ်တယ်နော်.."
ပန်ပန်မ၏မျက်လုံးပေါက်ကိုမှေးကျဉ်းကာ
အမြင်ကတ်နေသည့်ပုံစံကို စိုင်းမြင်ယောင်မိသည်။
အပြင်တွင်အသံထွက်ရယ်မိသည်။"သွားစမ်းပါ...
နင်ပေါက်ကရလေးဆယ်တွေပြောဖို့
ငါ့ကိုအိပ်ရာနိုးအောင်လုပ်တာဆိုရင်တော့ တော်ပြီ ငါph ချလိုက်တော့မယ်။""နေဦးဟဲ့~~~သေနာလေး
ငါက နင့်ကိုလက်ဆောင်မှာမလို့ဟ...
ဟဲဟဲ...""uncleကတော့ sorryပဲ no ပါ
သမီးရယ်...ဆုတောင်း ဆုတောင်း"
ပြောချင်တာပြောပြီး စိုင်းphချလိုက်သည်။
် ဟိုစပ်စလူးမ ဘယ်လောက်တောင်
ဒေါသထွက်နေမည်မသိ...
မဟုတ်ရင်လည်း
ဘယ်လောက်လေကြောရှည်နေမလဲ
မှမသိနိုင်တာ...10နာရီတောင်ထိုးနေပြီးကို
ph ဆက်ရတယ်လို့ ဘယ်လိုဟာလည်း
မသိ...
