ဆူး~၁၁

11K 874 13
                                        

Zawgyi
ခြောက်သွေ့နေတဲ့ အိပ်မက်
ငယ်တစ်ခုက ဒီအတိုင်း
မျှော်လင့်ချက် တစ်ခုဖြစ်ခဲ့သည်။

ကြားဖူးသည်ကတော့
မျှော်လင့်ချက်ဆိုသည်
လက်ဆုပ်လက်ကိုင်ပြနိုင်သည်မှ
မဟုတ်တာ ... ကြိုးစားလျှင်တော့
ဖြစ်နိုင်သည့် အဓိပ္ပါယ်မျိုး.........

လေပြေဆိုသည်လည်း
ဖမ်းဆုပ်လို့ရသည်ဟု ရှိဖူးလား။

အချစ်ဆိုသည့်အရာသည်လည်း
မထင်မှတ်သည့်အချိန်မှာလည်း
ပေါ်လာတတ်သည်ပဲ ......

အထူးသဖြင့်

မထင်မှတ်ထားသောနေရာ~~

မတွေးထားဖူးသောပုံစံ~~

မမျှော်လင့်ဖူးသောအချစ်~~

မဖြစ်နိုင်သောသူကိုမှ ချစ်မိသည့်~~~

အဟက်......ဆန်းတော့ဆန်းသား
အို ဒါကိုမှ လူတွေ၏ ခေါင်းစဉ်အမျိုးမျိုး
တပ်ခံရမည်ဟူသော ကိစ္စက
ပါသေးသည်။

ဆီရိုတိုနင် ဟူသော
ဟော်မုန်းကြောင့် အချစ်ဆိုသည့်
အရာက ဖြစ်ပေါ်လာသည်ဟုတော့
ကြားဖူးတာပဲ............

ဟုတ်သည် ထိုဟော်မုန်းကြောင့်ပင်
ကျွန်တော်သည်လည်း တစ်ယောက်သောသူကို ချစ်ခဲ့မိသည်။

ကဗျာတွေဆန်နေရအောင်...
စာရေးဆရာလည်းမဟုတ်......

တွေးမိသည့်အတွေးကိုရပ်ကာ
ဖတ်လက်စ စာအုပ်ကို ပြန်လို့
ူအာရုံပို့လိုက်သည်။

စာကြည့်တိုက်သည် တိတ်ဆိတ်သည်။
အေးချမ်းသည်။ခပ်အေးအေး ဒီလို
အရသာမျိုးသည် တစ်ကျောင်းလုံးတွင်
စာကြည့်တိုက် တစ်နေရာသာရှိသည်။

အဲ ဒီနေရာကိုလာဖို့သည်လည်း
မလွယ်ကူလှ...ရသည့် အချိန်ကို
အကျိုးရှိရှိသုံးသင့်သည်။
အတွေးမများနေသင့်.........

စာရွက်ကိုနောက်တစ်ရွက်လှန်ကာ
ဆက်ဖတ်နေလိုက်သည်။

ဒေါ်နယ်ထရမ့်......ယခုလောလောလတ်လတ် အမေရိကန် သမ္မတ ခက်တာက
အများအမြင် ဘီလူးကြီး.........

ဟက်ဟက်......တစ်ယောက်ကမကောင်းပြော နောက်တစ်ယောက်က
အော် ဟုတ်လား...သူကအဲ့လိုကြီး...
ကိုယ်ကိုယ်တိုင် သေချာသိအောင်တော့
မကြိုးစား တခြားသူစကားနောက်
သံယောင်လိုက်နေဖို့တော့မသင့်ပါ
လေနော်......။

ဆူးWhere stories live. Discover now