ဆူး~၁၈

9.9K 844 23
                                        

Zawgyi

စာမေးပွဲခန်းကထွက်သည်နှင့်ခံစားရသည့်ခံစားချက်ကလွတ်လပ်မှု ပေါ့ပါးမှု
နှင့်အတူဆွဲထားသည့်ခဲကြီးလွတ်ကျသွားသလိုပင်

ရှုသွင်းရသည့်လေထုကပင်
ပိုပြီးလတ်ဆတ်နေသယောင်......

"စိုင်းဖြေနိုင်တယ်ဟုတ်............"

ပန်ပန့်အမေးကို

"အေး မဆိုးပါဘူး။"

"စိုင်းငါနင့်ကိုပြောထားတယ်နော်။
ရင်ပြင်သွားဖို့~~~"

"ငါမလိုက်တော့ဘူး။"

"မရဘူး လိုက်ရမယ်။
ကိုကိုလည်းပါမှာ ပြီးတော့ကိုရှင်းသန့်
လည်းပါမှာ......"

"အဲ့ဒါဆိုငါပိုတောင်မလိုက်ချင်သေးတယ်။"

"ရမလား။အဲ့လိုလုပ်လို့.........
နင်အခုအိမ်မြန်မြန်ပြန်ညနေသုံးနာရီ
အရောက် happy zoneရှေ့မှာဆုံမယ်။
ကိုကို့ကိုငါမနေ့ညတည်းကph ဆက်ပြီး
ပြောထားတယ်။"

"ငါမလိုက်........."

"ကျစ် စိုင်းရာ စကားများမနေနဲ့တော့
သွားတော့...ငါနဲ့ကိုရှင်းသန့်က
အတူတူလာမှာ...သူ့ကနင်ပါမှတ်လား
မေးနေတာ......နင်မလိုက်လို့မရဘူး။
အဲ့တော့ငြင်းဖို့မစဉ်းစားနဲ့တော့......"

ငြင်းလျှင်လည်းအရာရောက်မည်
မဟုတ်မှန်းသိနေသဖြင့် စိုင်းဆက်ပြော
မနေတော့......

ကျောင်းနှင့်အိမ်သည်ကားမပိတ်လျှင်
မိနစ်၂၀မျှသာမောင်းရသည်။လှေကား
ထစ်ကိုစိုင်းခပ်မှန်မှန်သာတက်လာသည်။

"မြူရာမောင်ကကျောင်းမှမပြီးသေးတာ
ဒါတွေကစောလွန်းမနေဘူးလား။မောင်
လက်မထပ်ချင်သေးဘူးမြူ..."

"ဒါပေမဲ့ မောင်အဆင်သင့်မဖြစ်သေးဘူးလေ......
မြူ့ပတ်ဝန်းကျင် မြူ့အသိုင်းအဝိုင်းထဲ
မောင်အဆင်သင့်မဖြစ်သေးဘဲလူလုံး
ထုတ်မပြချင်သေးဘူး။"

.........

အကိုမမနှင့်ph ပြောနေသည်
ထင်ပါရဲ့...အခုတလော အကိုက
မမနှင့်သိပ်အဆင်မပြေထင်ပါသည်။
မမသည်လည်း နယ်ဆေးရုံတွင်
ပိတ်ရက်မရှိသည်အထိ အလုပ်များနေတတ်သည်။ထို့ကြောင့်
အကိုနှင့်မတွေ့ဖြစ်...စာမေးပွဲဖြေနေသည့်
အကိုသည်လည်းမမဆီမသွားနိုင်...
ဒီကြားထဲသူတို့ဆက်ဆံရေးသည်လည်း
စိုင်းကိုသာမပြောတာပြေလည်ပုံမရ
ဘာကြောင့်ရယ်တော့သေသေချာချာ
မသိ.........ဟိုတလောကတောင်
မမသူငယ်ချင်း မမနွယ်တောင်အကို့
ဆီph ဆက်သေးသည်။ထိုတွင်လည်း
အကိုနှင့်မမအဆင်မပြေသည့်အကြောင်း
စိုင်းတစ်စွန်းတစ်စကြားလိုက်သေးသည်။

ဆူးWhere stories live. Discover now