ဆူး~၁၅

10.3K 844 22
                                    

Zawgyi

ကားသော့ကိုယူကာ ထွက်ရန်ခြေလှမ်း
ပြင်ပေမဲ့ ဘယ်လိုက်သွားရမှန်းမသိ...
သစ်သွေးတကယ်ကို ပူလောင်ရသည်။
အခုအချိန် ကိုယ်သည်ငရဲမီး ဝိုင်းနေသလိုပင်...

စိတ်မရှည်စွာ ကျွတ်တစ်ချက်စုပ်မိသည်။
နောက်တစ်ချိန် ph ခေါ်ကြည့်ပေမဲ့
ထပ်မံ လူကြီးမင်းနှင့်တိုးပြန်သည်။
ph ကို စားပွဲပေါ်ပစ်တင်ကာ ဆံပင်တွေကိုလက်နှင့်ခပ်ကြမ်ကြမ်းဖွလိုက်သည်။

ပူလောင်မှုကတသဲ့သဲ့.........
၁၁နာရီထိုးနေပြီ တော်ရုံညဥ့်နက်သည့်
အချိန်မဟုတ်တော့ ပန့်ကိုအကူအညီ
တောင်းကာ သူ့သူငယ်ချင်းတွေ
ဆီတော့ ph ဆက်ကာ စိုင်းကိုရှာခိုင်း
ထားပေမဲ့ အခုချိန်ထိအကြောင့်မထူး
ဘယ်သူ့ဆီမှာမှစိုင်းရှိမနေ...

အရှိုန်အဟုန်ကောင်းစွာရွာနေသည့်
မိုးသံသည်လည်းအရာအားလုံးကို
ကြားနိုင်စွမ်းမရှိတော့သည်ထိ
ဖုံးအုပ်ထားကာ တအုန်းအုန်းရွာသွန်းနေ
သည်။

တံခါးလှည့်ဖွင့်သံနှင့်အတူခြေသံသဲ့သဲ့
ကြောင့်သစ်သွေးထိုင်နေရာမှအမြန်ထမိသည်။

"စိုင်း........."

မိုးရေတွေရွှဲနေသည့်စိုင်း...
ဖြူဖျော့နေသည့် မျက်နှာအရောင်သည်
သွေးမရှိသည့်အလား ထိုတွင်မှ
နီရဲနေသည့် မျက်ဝန်းတစ်စုံသည်ထင်း
နေသည်။

ကျွန်တော့်ကိုကျော်ကာ အခန်းထဲ
ဝင်ရန်ပြင်နေသည့် စိုင်းကို လက်ကောက်ဝတ်မှ ဆွဲထားမိသည်။

အေးစက်နေသည့် သူ၏လက်ကို
ထိမိသည့်အချိန်ပြန်ကြည့်သည့်
သူ့အကြည့်ကပို၍အေးစက်နေသည်။

"စိုင်း...စိုင်းလေး မင်းဘယ်တွေ
လျှောက်သွားနေတာလဲကွာ။ပြီးတော့
ဘာလို့ မင်းကိုယ့် ph ကို မကိုင်တာလဲ။
ကိုယ်ဘယ်လောက်စိတ်ပူနေလဲ
ဆိုတာမင်းသိလား...။"

"စိတ်ပူတယ်။
လွှတ်စမ်းပါ ကျွန်တော့်ကို...
သစ်သွေးလက်ထဲမှ လက်ကိုခပ်ကြမ်းကြမ်းဆွဲထုတ်ကာ
ကျွန်တော့်က အကိုစိတ်ပူနေရမဲ့သူ
မဟုတ်ဘူးထင်ပါတယ်။ဒီလောက်နှင့်
တင်လုံလောက်ပါပြီ။ဒီထက့်ပိုပြီးတော့
မျှော်လင့်ချက်တွေကြားမှာ အရူးတစ်ယောက်လိုမနေပါရစေနဲ့။
ကျွန်တော် တစ်ယောက်ထဲနေချင်တယ်။
လွှတ်ထားပေးပါလား။"

ဆူးDonde viven las historias. Descúbrelo ahora