Zawgyi
*******
မဖြစ်သင့် မဖြစ်နိုင်...
မဖြစ်ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်
ပုံပြင်တစ်ပုဒ်ကို အရဲစွန့်ရေးခဲ့သည့်
ကျွန်တော်က ပျော်စရာ
နတ်သမီးပုံပြင်မျိုးကို မျှော်လင့်ခဲ့တာ
များလား...?*-*-*-*-*-*-*-*-*-*-*-*-*-*-*
ကားဝန်ထမ်း၏ စကားသံကြောင့်
ကားပေါ်ရှိခရီးသည်များရုတ်ရုတ်
ရုတ်ရုတ်နှင့် တလှုပ်လှုပ်ဖြစ်နေ
ကြသည်။စိုင်းလည်း တပ်ထားသော
နားကြပ်ကိုဖြုတ်၍
မြူ့ကိုလှုပ်ကာနှိုးလိုက်သည်။"မမ ထဦး...ကားခဏရပ်မယ်တဲ့..."
"ငယ်လေး...
'မ'အိပ်ချင်သေးတယ်
ကိုယ့်ဘာသာဆင်းချင်ဆင်း 'မ'မလိုက်တော့ဘူး...။"ကာလနဂါးမြူ့ကိုဆက်နှိုးရန်
စိုင်းမကြိုးစားတော့...သူသိသည်လေ
နှိုးလို့ရမည်မဟုတ်..."ဒါဆိုလည်း
စိုင်းခဏဆင်းမယ်နော်...။"လေအေးအေးလေးက
ရင်ထဲထိ ခပ်အေးအေးဖြစ်အောင်
ညင့်သဲ့သဲ့ ပွတ်သတ်သွားသည်။ဆိုင်ပေါင်းစုံက ဆူညံသံတွေ
မီးရောင်တွေ ခရီးသည်တွေနှင့်
ဘီလင်းမြို့၏ညအလှအပသည်
တစ်မျိုးတစ်ဖုံ လှပနေသည်။စိုင်း နီးရာဆိုင်တစ်ဆိုင်၌
ဝင်ထိုင်လိုက်သည်။
ညလယ်ဆိုသည့်အချိန်ဆိုတော့
ပေါ့ပေါ့ပါးပါး ကိုလာတစ်လုံးသာ
မှာသောက်လိုက်သည်။ဈေးသည်ပေါင်းစုံသည်လည်း
တစ်ယောက်တစ်မျိုး အော်ဟစ်ကာ
ရောင်းရရေးကြိုးပမ်းနေကြသည်။ထိုထဲတွင်မှ စိုင်းတစ်နေရာသို့
ပြူးပြဲကြည့်ကာ ထိုနေရာရှိ အဒေါ်ကြီး၏
အသံကို နားစွင့်နေသည်။*ပုရစ်ကြော်တွေရမယ်
ပုရစ်ကြော်တွေ*စိုင်းမျက်နှာရှုံ့မိသည်။
ပုရစ် အမလေး ပုရစ်ဆိုတာ
အင်းဆက်ပါဗျာ...ဒါကိုလည်း
စားကြတယ် ဟောဗျာ...!!!မျက်စိကလည်း ထို ပုရစ်ကြော်သည်အဒေါ်ကြီးဆီက
မခွာ...ပုရစ်ကြော်သည်နားသို့ခပ်ဝဝဦးလေးကြီးတစ်ယောက်
ရောက်လာကာ ပုရစ်ကြော်များ
ဝယ်နေသည်ကို တွေ့တော့
စိုင်းပိုက်ဆံအမြန်ရှင်းကာ
လှစ်ခနဲ ဆိုင်ထဲမှ
ပြေးထွက်ခဲ့၏။
![](https://img.wattpad.com/cover/95275563-288-k613594.jpg)