ဆူး~၁၇

9.8K 860 24
                                        

Zawgyi

ကျွန်းရောင်အခန်းတံခါးကိုမှီကာ
စိုင်းကြမ်းပြင်တွင်ထိုင်ချမိသည်။
မျက်လုံးတွင်းဝေ့နေသည့်မျက်ရည်
ကြည်တို့ကိုမကျစေရန် မျက်တောင်
ရှည်တို့ဖြင့်ပုတ်ခတ်ကာတားဆီးနေမိသည်။

ကြိုးရှည်ရှည်နှင့်လှန်ဆွဲထားသလို
အဖြတ်ရခက်လွန်းသည်။ဟုတ်တယ်
စိုင်း နင်လုပ်တာမှန်တယ်။အကို
နဲ့ဆက်ဆံရေးခပ်တန်းတန်းဖြစ်သွားရင်
နင်လည်း နင့်စိတ်နင်ထိန်းနိုင်လိမ့်မယ်။

စိုင်းနာကျင်နေသည့်နှလုံးသားကို
လျစ်လျူရှုကာဖြစ်သင့်သည်ကို
ဦးစားပေးလိုက်သည်ကမှန်လိမ့်မည်ဟု
စဉ်းစားသည်။

စိုင်းသာမရှိလျှင်အရာရာဟာ
သူ့နေရာနှင့်သူနေသားကျပြီးသားပါ။
စိုင်းခပ်ဟဟရယ်ကာ ကြမ်းပြင်ပေါ်မှ
ထသည်။လက်သီးတို့ကိုကျစ်ကျစ်
ဆုပ်ထားမိသည်။သူပျော့ညံ့နေလို့
မဖြစ်သဖြင့် အားတင်းထားခြင်းပင်......

ဘာမှမစဉ်းစားမိစေရန် အိပ်ပျော်အောင်သာ ကြိုးစားမိသည်။
................................................
အစောကြီးအိပ်လိုက်ခြင်း၏အကျိုးကြောင့်
စိုင်းမနက်တွင်ခပ်စောစောနိုးသည်။

ထို့ကြောင့် စာမေးပွဲအတွက်
စာအတော်တော့ဖြတ်လိုက်နိုင်တယ်။
တစ်ခုခုလုပ်နေလျှင်ဘာမှမတွေးမိခြင်း
သည်သိပ်ကောင်းသည်။ထို့ကြောင့်
စိုင်း ဒီစာမေးပွဲပြီးရင်တောင် အားသည့်
အချိန် အချိန်ပိုင်းအလုပ်တစ်ခုဖြစ်ဖြစ်
လုပ်ရန် စဉ်းစားသည်။အလုပ်တွင်
စိတ်နှစ်ထားလိုက်ရင်ဖြင့် စိတ်သက်သာ
ရာရလိမ့်မည်။ဘယ်လောက်ပင်
အိမ်က လိုလေသေးမရှိပြည့်စုံအောင်
ထားနိုင်သည်ဆိုဦးတော့ ကိုယ်ပိုင်
ဝင်ငွေ ကိုယ်ပိုင်စွမ်းအစ ...
ဒါတွေကို စိုင်းရှာဖွေချင်မိသည်။
မိဘပိုက်ဆံထိုင်ဖြုန်းနေရသည်ကို
စိုင်းသိပ်လည်းသဘောမတွေ့လှ......
ထိုကိစ္စကို အိမ်ကလည်းသဘော
တူမှာပါ။မဟုတ်လည်း အကျိုးသင့်
အကြောင်းသင့်ပြောပြပြီးခွင့်တောင်း
ကြည့်ဖို့ ဆုံးဖြတ်ထားသည်။

စာမေးပွဲကဆယ်ရက်အလို...
ထို့ကြောင့် စိုင်းနောက်အပတ်ကစပြီး
ကျောင်းလည်းမသွားဖို့ကများသည်။
စာမေးပွဲခန်းထဲရောက်ရင် ဗျာမများ
ဖို့အခုတည်းကတစ်စိုက်မတ်မတ်
လုပ်လျှင်ဖြင့်မှီသေးသည်ကိုစိုင်းသိသဖြင့်
စိုင်းအခုရက်ပိုင်းစာတွင်အာရုံစိုက်ခြင်း
ပင်............

ဆူးNơi câu chuyện tồn tại. Hãy khám phá bây giờ