Zawgyi
ရေမွှေးနှင်းဆီနံ့သင်းနေသည့် စားပွဲပေါ်မှ
အမွှေးဘူးအနံ့သည့်ဧည့်ခန်းတွင်းပျံ့လွင့်
လို့နေသည်။မကျဉ်းမကျယ်လှသည့်
ဧည့်ခန်းတွင်း သစ်သွေးသက်ပြင်း
ဘယ်နှကြိမ်မြောက်ချမှန်းမသိချပြီးခဲ့ပြီ။
"မောင်ရယ် မြူ့ကိုလာမယ်ဆိုလည်း
ph လေးပါလေးကြိုဆက်တာမဟုတ်ဘူး။"
ကော်ဖီခွက်ကို စားပွဲပေါ်ချရင်း မြူက
အပြုံးလှလှဖြင့်သစ်သွေးကို ပြောသည်။
သူမ ရှေ့ကကော်ဖီခွက်ကိုယူကာ
သောက်နေရင်း
" မောင် ကော်ဖီသောက်ဦး........."
လို့ပြော
လာသည်။
သူမအခုချိန်ထိ ကျွန်တော်ကော်ဖီမကြိုက်
တာမသိသေးဘူးနော်...
မြူသည်
အသားအနည်းငယ်ညိုသွားရုံကလွဲ၍
ပုံမှန်အတိုင်းပင်............
သူမကိုအားနာသည်ဆိုပေမဲ့ ကျွန်တော်
ပြောရမည်။ကျွန်တော်ချစ်ရသူအတွက်
သူ့ဖို့သူမကြည့်ဘဲသူ၏အမကိုသာ
စိတ်ပူနေသောထိုကလေးအတွက်
ကျွန်တော့်ကိုသူမ မုန်းချင်မုန်းပါစေ
မျက်နှာပြောင်တိုက်သည်ဟူသော
စကားကိုမျက်ကွယ်ပြုပြီးတော့ ဖြစ်စေ
ပြောရမည်။မဟုတ်လျှင် သစ်သွေး
ခံနိုင်ရည်ရှိမည်မဟုတ်...သူ့ကို
မေ့ပစ်ပြီး ကိုယ့်ဘဝနှင့်ကိုယ်နေခိုင်း
သည့်ထိုကလေးစကားလုံးတွေက
သစ်သွေးကို ပိုနာကျင်စေသည်။
မြူ့ကိုပြောပြလိုက်တော့မည်ဟူသော
messageတစ်ကြောင်းသာ စိုင်းကို
ပို့ပြီး သစ်သွေး မြူရှိရာ ပဲခူးကို လိုက်
လာခြင်းဖြစ်သည်။
"မောင်...နေမကောင်းလို့လားဟင်..."
ထိုသို့ဆိုကာ မြူသည် သစ်သွေးနှဖူး
ကိုလက်နှင့်အသာစမ်းသည်။
ထိုလက်ကိုသစ်သွေးအသာဆုပ်ကိုင်ကာ
ဖယ်ရင်း မြူ့ကိုသေချာစိုက်ကြည့်သည်။
သစ်သွေး၏ချစ်သူအဖြစ်လေးနှစ်ကြာ
လက်တွဲခဲ့သည့် ထိုမိန်းကလေးကို
သစ်သွေး မချစ်ခဲ့ဘူးဆိုပေမဲ့ သံယောဇဉ်တော့ရှိသည်။ကိုယ့်အပေါ်
အမြဲ နားလည်မှုတွေပေးပြီး ချစ်ပေးခဲ့
သည့်ထိုမိန်းကလေးဘက်ကိုတွေးကြည့်ရင်ကိုယ်ဟာသိပ်ကို တကိုယ်ကောင်း
ဆန်လွန်းသည်ဆိုပေမဲ့...ကိုယ့်ကို
ပဲကြည့်ရင်း ကိုယ့်ကြောင့်အမြဲနာကျင်
နေရသည့် ထိုကလေးကို သစ်သွေး
ချစ်သည်။
