Zawgyi
ဒီအပိုင်းက warning ပါပါတယ်။
ရေးဖို့ကိုမနည်းအားတင်းလိုက်ရပေမဲ့
ရေးဖြစ်သွားခဲ့ပါတယ်။Bl အတွက် ဖန်တီးမှုသက်သက်လို့ပဲမြင်ပေးစေချင်ပါတယ်။အသက်🙈18🙈🙈်မပြည့်သေးတဲ့ကလေးတွေမဖတ်နဲ့လို့ပြောရအောင်လည်း author ကိုယ်တိုင်က 18မပြည့်သေးတော့ XD.........😂😂😂
enjoy it!!!
.....................................
မှန်ရှေ့တွင် အကျီင်္ကြယ်သီးတပ်နေရင်း
ကုတင်ပေါ်မှ ထိုင်ကာ အစအဆုံး
ထိုင်ကြည့်နေ့သည့် စိုင်းကို မှန်မှတဆင့်
သစ်သွေး ဘာလဲဟူသောအကြည့်နှင့်
အမေးကို ......အနောက်ကနေ
သိုင်းဖက်ကာ အသံတိတ်တုံ့ပြန်သည်။
သူ့ဘက်လှည့်ကာ ပုခုံးကိုအသာဆုပ်
ကိုင်လိုက်တော့...လက်ကိုဖယ်ချကာ
သူ့ luggageထဲက အိတ်တစ်ခုထုတ်
နေသည်။
ဘာလဲဟူသောမေးခွန်းနှင့်အတူ
ကြိမ်နှင့်ပြုလုပ်ထားသည့် ထိုင်ခုံပေါ်ထိုင်လိုက်တော့...
သူလည်းရှေ့ကခုံကိုဆွဲယူကာထိုင်သည်။
ခပ်တည်တည်မျက်နှာထားနဲ့သူ့ရှေ့က
လက်ဆွဲအိတ်ကို ဖန်စားပွဲကြည်ကြည်
ပေါ်တွင် ကိုယ့်ရှေ့သို့တိုးပေးလာ
သည်။
နှုတ်ခမ်းမှ ခပ်တိုးတိုးထွက်လာသည်က
"လက် ဆောင်"တဲ့
ပါကင်ပိတ်အိတ်ထဲက ဖြူလွှလွှ
အကျီင်္ကိုကြည့်ရင်း......သစ်သွေး
ပါးချိုင့်နက်နက်ကိုပေါ်အောင်ပြုံးမိသည်။
စိုင်းလေး သူ့အတွက်စဉ်းစားပေးသည်
ကချစ်ဖို့ကောင်းလွန်းသည်မဟုတ်လား။
"အကို့နာ စိုင်းက အမြဲရှိမနေပေမဲ့
အကို့နဲ့အမြဲအတူရှိနေမဲ့လက်ဆောင်မျိုး
စိုင်းရွေးလာသည်တဲ့......"
ခန္ဓာကိုယ်ကို သူလေရှေ့ကိုင်းကာ
နှဖူးထက် ခပ်ဖွဖွ နမ်းလိုက်သည်က
ဆုချသည်ပေါ့...
"ကိုယ့်ရဲ့လက်ဆောင်ကိုလည်း မင်း
သဘောကျရဲ့လား..."
"မင်းရဲ့လက်ဆောင်အတွက် ကိုယ်ကတော့ အတိုင်းထက် အလွန်နော်။"
"တော်ပြီဗျာ ကမ်းခြေ ဆင်းကြမယ်။"
"ok ဗျာ "
ရှေ့ကထွက်သွားသည့်
ချစ်ရသူကိုတစ်လှည့်ကြည့် လက်ထဲက
လက်ဆောင်ထုတ်ကိုတစ်ချက်ကြည့်ကာ
သစ်သွေးရင်မှာ တစ်သိမ့်သိမ့် ပီတိတွေ
ဟာဖြာလို့......
