ဆူး~၁၄

11.1K 913 25
                                        

Zawgyi

နီးကပ်လာသည့် first semester
စာမေးပွဲအတွက် စိုင်း စာတွေနှင့်လုံးပန်း
နေရသည်။ညဘက်ဆို assignmentတွေရေးရ presentation
တွေအတွက် ပြင်ဆင်ရနှင့် အလုပ်ရှုပ်နေသည်ကများသည်။

ဧည့်ခန်းတွင်းအကိုကသူ့စာတွေနဲ့
လုံးပန်းနေတတ်သလို...စိုင်းသည်လည်း
laptopတစ်လုံးနဲ့နားရတယ်ကိုမရှိ......
အကို သူ့စာကြည့်မျက်မှန်
ဟယ်လီပေါ်တာမျက်မှန်အဝိုင်းကြီးတတ်ထားချိန်ဆိုရင် စိုင်းရီလို့မဆုံးတော့.........
အကိုကလည်း စိုင်းကို
အနာဂတ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး
လောင်းလျာလေးဆိုပြီးတစ်ချိန်လုံးကို
နောက်နေတော့တာပဲ.........
ထို့ကြောင့်
အကို့အိမ်မှာနေရသည်က
စိုင်းထင်သလောက်မပင်ပန်း...
ရင်ခုန်နေရတာလေးတစ်ခုပဲ.........
ဒါကတော့ ချွင်းချက်...

"ဟင်းးးးးးးး"

သက်ပြင်းချသံပြင်းပြင်းကြောင့်
စိုင်းကို သစ်သွေးမော့ကြည့်သည်။
ဒီကလေးနှယ် ဘာဖြစ်ရပြန်တာတုန်း

"ဒီနိုင်ငံတွေ ရောချက်
အကိုရယ်.........စိုင်းကျက်သာ
ကျက်နေရတာ စင်္ကာပူက
ပါတီတွေက မလေးရှားထဲရောက်လိုရောက်.........
ဝန်ကြီးချုပ်တွေ လွှတ်တော်တွေ......
အကုန်အသုပ်စုံဖြစ်ကုန်ပြီ။"

နှုတ်ခမ်းကိုဆူလိုက်ထော်လိုက်နှင့်
ပြောနေသည်က ကြက်ပေါက်ကလေး
အစာစားနေသည်နှင့်ပင်တူနေသည်။
ဘယ်လိုဟာလေးလည်းမသိ.........

"အကို ကော်ဖီသောက်မလား
စိုင်းဖျော်ပေးမယ်။"

"သောက်မယ်လေ........."

မီးဖိုချောင်ကိုပြေးသွားတာမှ လှစ်ခနဲပဲ...

ကော်ဖီဖျော်ခြင်းကိစ္စသည်လည်း
စိုင်း၏ပုံမှန်အလုပ်ပင်...
ကော်ဖီကိုသေမလိုကြိုက်သည့်
စိုင်းနှင့်ကော်ဖီကို ညဘက်စာလုပ်
ွှရင်အိပ်မငိုက်ရုံသာ ကော်ဖီသောက်သည့် အကို က
ဆန့်ကျင်ဘက်ပင်။အကိုက ကော်ဖီကို
လုံးဝမကြိုက် ...
သို့ပေမဲ့ စိုင်းဖျော်သည့်
ကော်ဖီကိုတော့ အကိုကြိုက်တယ်လို့ပြောဖူးသည်။ဒါကြောင့် အကို့ကို ကော်ဖီဖျော်ပေးရသည့်
တာဝန်ကစိုင်း၏တာဝန်ပင်.........

ဆူးWhere stories live. Discover now