Zawgyi
အေးစက်စက်ခံစားချက်ကြောင့်မျက်လုံး
တို့မပွင့်ချင်ပွင့်ချင်နှင့် လွတ်သွားသော
စောင်ကိုပြန်ဆွဲကာခြုံလိုက်သည်။
စူးခနဲဝင်လာသည့်ပြတင်းပေါက်မှနေရောင်ကြောင့် မျက်လုံးများကျိန်းစပ်သွား
သည်။ထိုးကိုက်နေသည့် ခေါင်းကြောင့်
နားထင်ကြောနှစ်ဖက်ကိုဖိကာ ကုတင်
ပေါ်မှထသည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်......
ပြန့်ကျဲနေသောအဝတ်အစားတစ်ချို့
...
ငါညက...
အောင့်တက်လာသောဝဲဘက်ရင်အုံ......
ပူနွေးနွေးခန္ဓာကိုယ်သေးသေး......
မျက်ရည်တွေကြားကသူ့ကို ကိုယ်က......
"စိုင်း......"
အက်ကွဲနေသောအသံနှင့်ခေါ်မိသည့်သူ့နာမည်
.ပူလောင်လွန်သောရင်ဘတ်တစ်စုံနှင့်အတူ သစ်သွေး တွေ့သည့်မျော့ကြိုးဘောင်းဘီရှည်တစ်ထည်ကိုကောက်စွတ်ရင်း.........
"စိုင်း......စိုင်း......"
သူ့နာမည်ကိုပင်
ကိုယ့်ပါးစပ်ဖျားထဲမထည့်သင့်လောက်အောင်ကိုယ်ဟာ မိုက်ရိုင်းလွန်းခဲ့ပေမဲ့......
တစ်အိမ်လုံးအာခေါင်ခြစ်ကာသူ့နာမည်
ကိုရေရွတ်ရင်းရှာမိသော်လည့်း တိတ်ဆိတ်နေသောနေရာတိုင်းက
ကိုယ့်ကိုခြောက်ခြားစွာခြောက်လှန့်လို့
နေသည်။
တဆတ်ဆတ်တုန်နေသည့်သူ့ခန္ဓာကိုယ်
လေးကိုပြန်မြင်ယောင်လာသည်။ကျဆင်း
လာသည့်မျက်ရည်စနှင့်အတူ ရင်ဘတ်
တစ်ခုလုံးစုတ်ပြတ်သတ်အောင်နာကျင်
ရသည်။
phဆက်ရမယ်။ဟုတ်တယ်...ph ဆက်ကြည့်ရမယ်။
အရူးတစ်ယောက်လိုကိုယ်သည်အပြစ်လုပ်ပြီးမှ...ခွင့်လွှတ်မှုကိုခံချင်တာမျိုး......
ကိုယ်ဟာ ဒီလောက်ထိ အောက်တန်း
ကျမှန်း...အသွေးအသားတွေကိုပင်
ဖောက်ထုတ်ပစ်ရုံနှင့်မလုံလောက်သည်
အထိ......
ပြန်ဖြေသူမရှိသည့်ခေါ်ဆိုမှုသည်
ဘယ်နှကြိမ်မြောက်မှန်းမသိသည်ထိ
ထပ်ခါထပ်ခါခေါ်နေမိပေမဲ့.........တတီတီဝင်သွားသော ph သံနောက်......
ကိုင်ပါစေဟုကြိတ်မှိတ်ဆုတောင်းခဲ့သည်ဟာလည်းမပြည့်ဝ...
