Zawgyi
"နေခ~~~~"
ဒီချွဲပျစ်ပျစ်ခေါ်သံပိုင်ရှင်
ဘယ်သူမှန်း စိုင်းသိသည်။
ဂရုစိုက်စရာမလိုသည့်အတွက်
အသံလာရာကိုပင်မကြည့်
စိုင်းသူ့ ph ကိုသာ
အာရုံစိုက်နေလိုက်သည်။
"ခ..."အနည်းငယ်ဆူဆောင့်ကာ
ခေါ်သည့်သူ့အသံကိုသူချစ်စရာ
ကောင်းတယ်များ ထိုမိန်းမထင်သည်
လားတော့မသိ...စိုင်းစိတ်ပျက်မိသည်က
အမှန်...
"ဘာလဲကွာ...မင်းနဲ့ငါက
စကားပြောနေရလောက်တဲ့ထိ
ဆက်ဆံရေးမျိုးမဟုတ်တာ
မင်းသိပါတယ်နော်...။"
"ခ ကလည်းကွာ
ဇူးတို့ရဲ့ဆက်ဆံရေးက
အရင်ဘယ်လောက်ထိ လေးနက်ခဲ့လည်း
ခ လည်းသိပါတယ်။"
"ကျစ်~~~~မင်းအရှက်မရှိဘူးလား...။
ဇူးလင်္ကာ~~ ငါကတော့
အခုချိန် မင်းနာမည် ပါးစပ်ထဲထည့်ပြောရတာတောင်
သနတယ်...။မင်းနောက်တစ်ခါ
ငါ့ကို မသိချင်ယောင်ဆောင်နေပေး
ပါလား။မင်းနဲ့ပတ်သက်ချင်စိတ်မရှိဘူး။"
"စိုင်းနေခ...နင်မှတ်ထားနော်။
နင့်စကား ဇူးလင်္ကာဆိုတဲ့
မိန်းမက လိုချင်တာကိုမရရအောင်
ယူတတ်တယ်ဆိုတာလည်း
နင်မမေ့နဲ့ စိုင်းနေခ...
လွယ်လွယ်နဲ့လက်လျှော့တတ်တဲ့
လူစားမျိုးထဲ တို့မပါဘူး...။"
ဆေးဆိုးပန်းရိုက်မျက်နှာနှင့်
ထိုမိန်းမကိုမြင်တိုင်း စိုင်း
အော်ဂလီဆန်သည်။
တစ်ချိန်က သူ့ကိုသဘောကျခဲ့မိသည့်
ကိုယ်ကိုယ်တိုင်က ပိုဦးနှောက်မရှိဖြစ်
ခဲ့သည်ထင်ပါရဲ့...
................................................
tutorialဆိုသော အသံကြောင့်
တစ်တန်းလုံး ဟာခနဲအသံပြိုင်တူထွက်
လာသည်။
"အဲ့ဒါတွေပဲ စိုင်း ငါကတော့
ဒီအသံမကြားချင်ဆုံးပဲ..."
"ပန်ပန် နင်ကတော့
အပျင်းကြောတစ်ဖို့က အရင်..."
"နင်ကလည်း စာမှငါမကျက်ချင်တာ"
"အဲ့ဒါနဲ့များ ဘာလို့
IR ယူခဲ့သေးလဲ။"
"နာမည်လှလို့
အခုတောင် အိမ်မှာ maအသိတွေ
လာရင် ဟယ်သမီးလေး ပန်
ဘာမေဂျာတက်နေတာလဲကွယ်..."
"international relationsပါ
အန်တီ..."
"အဲ့လိုများပြောလိုက်ရင်
အမလေး အဲ့မေဂျာကကောင်းတယ်။
အို~~~ချီးမွမ်းခန်းကမပြီးတော့ဘူး။"
