Zawgyi
မန်ကျည်းပင်အုပ်အုပ်တို့အစီအရီ
ုဖြင့်အရိပ်လုံလောက်စွာပေးနိုင်သည့်
လူသွားစင်္ကြန်လေးတွင်.........တရားသိမ်းချိန်မို့သစ်သွေးလမ်းလျှောက်နေမိသည်။
မနက်ဆို ၄နာရီထရသည်ဆိုပေမဲ့
သစ်သွေးအစောကြီးအိပ်ရန် ဆန္ဒမရှိ...
တရားရိပ်သည်အေးချမ်းသည်။
လောကီအာရုံတို့ကိုပစ်ချကာ
ဘုရားရိပ်တရားရိပ်၌ခိုလှုံခွင့်ရခြင်းသည်
အတော်ပင်အေးချမ်းလှသည်။
ကျေးဇူးရှင်လေး စိုင်းကိုသာ
်ကျေးဇူးတင်ရမည်။သူ့ကြောင့်သာ
မဟုတ်လျှင်ကိုယ်သည် သင်္ကြန်
ဆိုသောရက်ကြီးခါကြီးမျိုး ဒီလို
အဖိုးတန်သောနေထိုင်ခြင်းမျိုးနှင့်
နေထိုင်ဖူးမည်ပင်မဟုတ်.........
တစ်ဆောင်လုံးသည်တိတ်ဆိတ်လို့နေသည်။လေပြေတို့၏တိုက်ခတ်မှုကြောင့်သာ
သစ်ရွက်တို့၏ပွတ်တိုက်သံသဲ့သဲ့ကိုသာ
တစ်ချက်တစ်ချက်ကြားနေရသည်။
တွေးနေမိသည်ကရှင်းသန့်၏မင်းတရား
စခန်းကထွက်လျှင်ငါမင်းကိုပြောစရာ
ရှိသည်ဟူသောစကားကိုပင်ဖြစ်ပေလိမ့်
မည်။ရှင်းသန့်ပြောစဉ်ကပင်
သူ၏မျက်နှာထားကိုသိပ်သဘောမတွေ့
ခဲ့.........
သူပြောမည့်အကြောင်းအရာ
ကိုတွေးမိသလိုမကြားချင်...လေးလံသောစိတ်အစုံတို့သည်တိုးဝေ့လို့နေသည်။
၇ရက်ဆိုသောအချိန်ကာလသည်
ခပ်လွှားလွှားသာကုန်သွားသည်။
ယောဂီပုဆိုးလေးနှင့် အကျီင်္အဖြူသာ
၇ရက်လုံးလုံးတွဲဝတ်ခဲ့သည့် စိုင်းလေး
သည် တကယ့်ကို ချစ်စရာကောင်းတဲ့
ဥပုသ်သည်လေးနှင့်တူသည်။အမြဲတစေ
ကြည်လင်နေတတ်သည့် သူ့မျက်နှာ
လေးသည်တကယ်ပင်အေးချမ်းလှသည်။
အထုတ်တွေကိုမနိုင်မနင်းသယ်လာသည့်ယောဂီပိစိဆီက အထုတ်တစ်ခုကို
ဆွဲကာရှေ့မှခပ်သွက်သွက် သစ်သွေး
လျှောက်ကာ ကားပေါ်တွင်
အထုတ်တွေကိုနေရာချသည်။
ယောဂီများအချင်းချင်းစကားမပြောရ
ဟူသောစည်းကမ်းချက်ကိုထိုကလေး
လိုက်နာချင်ပုံရသည်...စကားတစ်ခွန်း
ဆိုတစ်ခွန်းလာမပြောခဲ့.........
တရား
ရှုမှတ်သူများအနှောက်အယှက်ဖြစ်
မည်ကိုအကြောင်းပြုကာချမှတ်ထားသည့်
စညကမ်းချက်သူလေးကအတော်ပင်
သိတတ်သူ...အချို့အသက်ကြီးကြီး
ယောဂီတွေပင် တရားဖြုတ်ချိန်၌
ဟီးဟီးဟားဟားနှင့်ဝိုင်းဖွဲ့ကာစကား
ပြောနေကြသေးသည်။သူလေးကတော့
အဲ့လိုမဟုတ်......ဘုရားဖြစ်မဲ့အုတ်နီခဲ
တုံးလေး.........အသည်းတွေယားတာမှ
တအားပဲ။
