Zawgyi
"cuban crisisမှာ
ကုလသမ္မဂ္ဂအတွေးရေးမှုးဖြစ်ခဲ့တဲ့
general ဦးသန့်သာ ကြားဝင်မဖြေရှင်းပေနိုင်ခဲ့လျှင်...
တတိယကမ္ဘာစစ်ဟာ ဖြစ်ဖို့
အလားအလာက ၉၉%ပဲ..."
"general ဦးသန့်ရဲ့ စွမ်းဆောင်ချက်က
cuban missile crisisမှာအတော်
အရေးပါခဲ့တယ်။"
"အင်းးး အဲ့ဒီ bipolar နှစ်နိုင်ငံကတော့
တစ်ဦးနဲ့တစ်ဦး နိုင်ငံတကာမှာ
လွှမ်းမိုးနိုင်ဖို့ အတွက် ပြိုင်ဆိုင်မှုက
ကြီးမားခဲ့တာကိုးးး..."
"အေးး လက်နက်တွေစုံလင်သလောက်
nuclear powerတွေပါ ရှိခဲ့တာ
အဲ့အချိန်ကသာ ကမ္ဘာစစ်ဖြစ်ခဲ့လျှင်
မတွေးဝင့်စရာ..."
"introက ဘယ်သူပြောမှာလဲ...
စိုင်းမှတ်လား..."
ECရဲ့အပြောကို ပန်ကခေါင်းငြှိမ့်ပြပေမဲ့
စိုင်း အာရုံက ဒီတွင်ရှိမနေဘူး ထင်ပါရဲ့...
ဘာမှမရှိသော ခပ်ဝါဝါ မြေကွက်လပ်ကို
ပြတင်းပေါက်မှ တစ်ဆင့်ငေးကြည့်နေလေရဲ့...
EC က ပန့်ကို တံတောင်နှင့်တို့ကာ
မေ့ငေါ့ပြသည်။
"သူလည်း ကွန်ဖြူးရှပ် တို့
ပလေတို တို့ ကို အားကျလို့လားမှမသိတာ...
နိုင်ငံရေးသီအိုရီတစ်ခုခုများ
ရမလားလို့ တွေးနေတာနေမှာပေါ့ ...။"
တစ်ဖွဲ့လုံး တဝါးဝါးနှင့် အဖွဲ့ကျကာ
ရီမောနေပေမဲ့ စိုင်းလှုပ်ပင်မလှုပ်...
"ဟဲ့ စိုင်း က Karl Marx (ကာလ်မာစ့်)
Fan ဟ..."
"ဟာ အဲ့ဒါဆို သူက အစွန်းရောက်ကြီး
ရယ်..."
"ဟယ် ECမ နင်ကတော့လုပ်တော့မယ်။"
"ဟဲ့ စိုင်း "
"ဟင်...ဟင် ဘာလဲ
ငါနည်းနည်းနေမကောင်းချင်သလို
ဖြစ်နေလို့ပါ။sorry နော်...ဟို ဟို
assignment ကိစ္စဆက်ပြောရအောင်..."
"ဟဲ့ကောင် အခုမှရူးကြောင်မူးကြောင်နဲ့
ယောင်မနေနဲ့...သူ့လည်း
ဘာမှ မမေးပဲ တစ်သီတစ်တန်းကြီး ရှင်းချက်ထုတ်နေတယ်။နင်ခုနက ငါတို့
ပြောနေတာတွေတကယ်မကြားဘူးလား။"
စိုင်းခေါင်းရမ်းပြသည်။
"နင့်ကို ပန်ပန်က Karl Marx fanတဲ့"
"ဟာ ပေါက်ပေါက်ရှာရှာ...အဲ့တုန်းက
သူတို့ကို Karl marxအကြောင်းလေး
နည်းနည်းရှင်းပြပေးလိုက်တာကို
ငါက Karl marx အကြောင်းထဲထဲဝင်ဝင်သိလို့တဲ့...
အဲ့ဒါ ငါ့ကိုပြောမဆုံးတော့ဘူး။"
