Zawgyi
တရိပ်ရိပ်ကျန်ခဲ့သည့်
သစ်ပင်တစ်ချို့...ညိုရိပ်ရိပ်တောင်တန်းရှည်ကြီးကိုလည်း
တရွေ့ရွေ့နှုတ်ဆက်ကာ
expect carကြီးသည် အီလေးဆွဲကာ
မောင်းနေသည်။ညီနေအောင်တန်းကာ
အစီအရီ စိုက်ပျိုးထားသည့် ရော်ဘာပင်
အမြောက်အများသာ
အမြင်အာရုံကိုဖုံးလွှမ်း
်ထားလျက်ရှိသည်။လွမ်းသည်။
ငယ်ငယ်ကတည်းက
ခရီးတစ်ခုသွားတိုင်း ပျော်ရွှင်
စိတ်လှုပ်ရှားတတ်သည့် စိတ်အစုံသည်
ခရီးအပြန်တွင်တော့ သိပ်ကို
ဝမ်းနည်းတတ်သည်။ထိုနေရာကို
လွမ်းသည့် ခံစားချက်...အခုချိန်လည်း
ထိုနည်းတိုင်း...
တစ်ပတ်တာသာနေခဲ့ရသည့်
ထိုမြို့လေးက မပြန်ချင်လှ...တစ်ခုခုကိုလိုအပ်နေသလို...
ဟာတာတာကြီးဖြစ်နေသည့်
ရင်ဘတ်တစ်နေရာ...ကားမှန်ကိုခေါင်းမှီကာ ငေးနေသည့်
စိုင်းကို..."ငယ်လေး...ရန်ကုန်ပြန်ရောက်ရင်
ဘာသာစကားသင်တန်းတစ်ခုခု
တတ်ဖို့စဉ်းစားထား...မ မာမီတို့ကို
ပြောထားပြီးပြီ..."ခပ်ပြာပြာကောင်းကင်ကိုငေးကြည့်ရင်း
"ငယ်လေး အိမ်မှာပဲနေချင်တယ် မမ
နောက်လပဲ ကျောင်းပြန်ဖွင့်ပြီဟာ...""ရှိတဲ့အချိန်ကို မဖြုန်းချင်စမ်းပါနဲ့။
အချိန်က မင်းကိုစောင့်မနေဘူး
နေခ...နင် ကလေးလည်း မဟုတ်တော့
ဘူး။ဘာလုပ်သင့်တယ်
ဘာလုပ်ရမယ်ဆိုတာ မင်းစဉ်းစားတတ်
နေပြီ။"စိုင်းနှင့် မတူသည့်
မမ၏အကျင့်စရိုက်...
သူ့အတွက် လွပ်လပ်မှုဆိုတာ
ရှိရောရှိရဲ့လားမသိ...
ငယ်ငယ်ကတည်းကစာအုပ်နှင့်
မျက်နှာအပ်ကာ နေခဲ့သည်။စိုင်းထိုလောက်ထိ ဇွဲမကောင်း
စိုင်းက လွပ်လပ်မှုကိုခုံမင်သူ
မွန်းကြပ်လှသည်ကို သဘောမကျမမ၏စိတ်ထဲတွင်
စိုင်းကဲ့သို့
မပျော်သည့်ပုံ တစ်စက်ကလေးမှ
မရှိ...သူ့အတွက် ရန်ကုန်ပြန်ရောက်တာ
နဲ့ဘာလုပ်ရမလဲဆိုသည်တွေသာ
ခေါင်းထဲတန်းစီနေပေလိမ့်မည်။"မမ ကိုသစ်သွေးကိုမလွမ်းဘူးလား။"
"ဟော့တော်...ငါသူနဲ့ခွဲလာတာနှစ်နာရီတောင်မပြည့်ချင်သေးဘူး။ဘာကို
လွမ်းရဦးမှာလဲ။"
![](https://img.wattpad.com/cover/95275563-288-k613594.jpg)