Zawgyi
ဆေးရုံစင်္ကြန်တစ်လျှောက် မြူနှင့်နွယ်
လျှောက်လမ်းအတိုင်းလျှောက်လာသည်။
အမှောင်ထုဖုံးနေသည့်ပတ်ဝန်းကျင်အပြင်ညဥ့်ပိုးကောင်တို့သည်လည်းတစီစီအော်မြည်နေကြသည်။
တစ်နေ့တစ်နေ့မြောက်များလှစွာသော
လူနာတွေအတွက်သာ ရှိရှိသမျှအချိန်
တွေကိုမြှုပ်နှံရင်းတစ်နယ်တစ်ကျေး
တွင်နေနေရသည့်မြူသည်ဘယ်သောအခါမှတစ်ချက်မျက်နှာမပျက်ခဲ့...သူဝါသနာ
ပါရာအလုပ်အတွက် သူပျော်သည်။
ထိုသို့သောသူမက အခုတလော
မျက်နှာမလန်းလှ...ဒါကို နွယ်ခန့်မှန်း
မိခြင်းပင်...
"မြူ နေမကောင်းလို့လား။
သူငယ်ချင်း... "
နွယ့်အပြောကို မြူခေါင်းခါပြသည်။
မြူ အိတ်ကပ်ထဲမှ ph ကို
ထပ်မံထုတ်ကြည့်ကာ သက်ပြင်းချသည်။
"နွယ် ငါနေကောင်းပါတယ်ဟာ...
မောင် အခုတလော ငါ့ကို
ph မဆက်ဘူး။သူဘာဖြစ်နေလဲ
ငါမသိဘူး။အရင်ကတစ်ခါတောင်
မပျက်ဖူးတဲ့သူကအခုတော့ အရင်လို
မဟုတ်ဘူးဟာ........."
"နင်ခေါ်ကြည့်ပါလား မြူ......"
"ဟင့်အင်း...သူအနှောက်အယှက်
ဖြစ်တာမျိုးငါမလိုလားဘူး။ဘာမှ
မဟုတ်တာလေးနဲ့သူနဲ့ငါ့ကြား
စနိုးစနောက်မဖြစ်စေချင်ဘူး။"
"မြူ ယောကျာ်းတွေက အနေဝေးရင်
သူတို့က ခြေလှမ်းတွေအကွက်ရွှေ့တတ်
တယ်။နင်သတိတော့ထားပေါ့..."
"ဟက်...နွယ်ရယ် မောင်ကအဲ့လိုလူလား
ဟာ...နင်လည်းမောင့်အကြောင်းသိသား
ပဲ..."
"သစ်သွေးအကြောင်း ငါသိပါတယ်။
ဒါပေမဲ့လေ ပြောင်းလဲတတ်တဲ့
စိတ်ရဲ့သဘောတရားကိုတော့နင်မမေ့ဖို့
ငါပြောတာပါ။သူကအခုနင့်ရဲ့မျက်ကွယ်ရာမှာရှိနေတာမဟုတ်လား။"
မြူတစ်ခါမှထိုသို့မစဉ်းစားခဲ့ဖူးတာအမှန်ပင်...မောင့်ကိုယုံတယ်ဆိုတာထက်
မောင်ကတစ်ခါဆိုတစ်ခါမှထို့သို့
သံသယဖြစ်စရာအကြောင်းမရှိခဲ့...
ဒီ ph မဆက်တာလောက်ကလေးကို
ရေးကြီးခွင်ကျယ်လုပ်မနေသင့်ပါ...။
"ဆယ်ရက် ဟုတ်သည်။
မောင်နှင့် Ph သေချာမပြောဖြစ်သည်
က ဆယ်ရက်...ငယ်လေးဖျားတဲ့နေ့
ကစပြီး မောင်ph စမဆက်ခဲ့တာ
ကြားထဲမှာ မြူဆက်တော့မှ
ငယ်လေးနေမကောင်းတာသိခဲ့ရတယ်။
ဒါပေမဲ့ မောင်ကဟိုအကြောင်း ဒီ
အကြောင်းပြ ph ချသွားတာနဲ့ စကား
ကိုသေချာမပြောဖြစ်..."
