ဆူး...တောင်လှေကားမြို့သို့အလည်တစ်ခေါက်

11K 780 29
                                        

Zawgyi

နူးညံ့သောချစ်ခြင်းတရားရဲ့နောက်
ဘဝနှစ်ခုကိုပေါင်းစပ်ခြင်း၏အထိမ်း
အမှတ်ရွှေလက်တွဲရမည့်ဘဝခရီးလမ်း၏
အစ

အပြုံးပန်းတွေဝေနေသည့် သူတို့နှစ်ယောက်သည် ကော်ဇောနီပေါ်
ဖြန့်ကျဲထားသည့် နှင်းဆီပွင့်ဖက်တို့ကြား
လျှောက်လှမ်းလာသည်။

ရွှေရောင်စာလုံးကြီးကြီးဖြင့်နေရာယူထား
သည့် မောင်မင်းထက်ယံ မပန်ခတ္တာ
တို့၏မင်္ဂလာဧည့်ခံပွဲဟူသောစာတန်းသည်ခန်းမရှေ့တင့်တယ်စွာနေရာယူထားသည်။

ရွှေအိုရောင်သတို့သမီးဝတ်စုံနှင့်လှချင်
တိုင်းလှနေသည့် ပန်သည် တစ်လောက
လုံးတွင် အပျော်ရွှင်ဆုံးမိန်းကလေး
အလား...လူအများ၏ကောင်းချီးသြဘာ
လက်ခုပ်သံများဟာလည်းတစ်သဲ့သဲ့

"အချိန်တွေကကုန်တာမြန်လိုက်တာနော်။"

ဘိတ်သိတ်စင်ပေါ်မှသူငယ်ချင်းမလေး
တို့မောင်နှံကိုကြည့်ပြီး ပြောနေသည့်
စိုင်းကြောင့် သစ်သွေးပြုံးမိသည်။

ထောပတ်ထမင်းထဲရှိ သီဟိုလ်စေ့
စပျစ်ချောက် စသည် စသည်ဖြင့်
ပါဝင်သမျှ အစေ့အဆံတွေကို စိုင်းကမစားချေ။ထို့ကြောင့် ထိုအသီးအနှံ
တွေတစ်ခုချင်းစီကို သစ်သွေးစိတ်ရှည်
လက်ရှည်ဖယ်ပေးနေခြင်းဖြစ်သည်။
ကြက်သားကိုလည်း အရိုးတွေသေချာ
နွှင်ပြီး မှ ပန်းကန်ကို စိုင်းရှေ့ချပေး
သည်။

ထိုမှ ထိုကလေးကပြုံးရွှင်ကာ အစားပေါ်
သို့အာရုံရောက်သွားသည်။

သူ့အတွက် ရေသန့်ဘူးသစ်ကိုဖောက်
ရေခွက်ထဲထည့်ပေး......

အသီးအရွက်သုပ်တွေဆိုကြိုက်တတ်
တဲ့သူ့အတွက် ကျောက်ပွင့်ဖြူဖြူတွေကို
သုပ်ထားသည့် အသုပ်ကို သူ့ပန်းကန်
ထဲထည့်ပေးသည်။

စားပွဲတွင်အတူထိုင်နေသည့်
ဦးလေးကြီး အဒေါ်ကြီးတွေက ကွက်ကြည့် ကွက်ကြည့်နှင့် စိုင်းတို့ကို
အတော်စိတ်ဝင်စားနေသည့်ပုံ ဟို
လူကြီးကတော့မသိရှာဘူး။သူပင်
မစားနိုင်ဘဲ စိုင်းကိုကလေးထမင်း
ကျွေးသလို စောင့်ကြည့်နေသည်။

အခုမှ attentionတွေအကုန်လုံးသူ့ဆီ
ရောက်နေမှန်းသိသွားသည့်ထင်
အပြုံးမမည်တဲ့ အပြုံးတစ်ခုကို
ခပ်ပါးပါးဆင်မြန်းလျက်......

ဆူးWhere stories live. Discover now