Zawgyi
ဖြူဖျော့ဖျော့ကြက်စွပ်ပြုတ်သည်
လည်ချောင်းတစ်လျှောက်ရေလိုသာ
ဝင်သွားသည်။စိုင်းဘာအရသာမှမခံစား
မိ......
"ကိုရှင်းသန့်......စိုင်းမစားချင်တော့ဘူး။
တော်ပြီ။"
"မကောင်းလို့လား...စိုင်း
ကိုယ် ဒေါ်ကြီးကိုထပ်ပြုတ်ခိုင်းလိုက်မယ်
လေ။"
"မဟုတ်ပါဘူး ... ကြက်စွပ်ပြုတ်က
ကောင်းမှာပါ။စိုင်းကိုယ်တိုင်က
စားချင်စိတ်မရှိလို့..."
"အခုထိ မသက်သာသေးဘူး
ထင်တယ်...ကိုယ်ညနေကျရင် ဆရာဝန်
ထပ်ပင့်လိုက်မယ်...။"
"စိုင်းသက်သာနေပါပြီ။ကိုရှင်းသန့်
တို့ကို စိုင်းဒုက္ခလာပေးနေသလိုဖြစ်နေ
တယ်။စိုင်းအန်တီတို့ကိုလည်းအားနာ
လှပြီ။"
"မဟုတ်တာ ချာတိတ်ရာ..."
ရှင်းသန့် စိုင်း၏လက်ဖမိုးကိုအုပ်ကိုင်ကာ
ခပ်ပြုံးပြုံးလေးပြောလာသည်။
"ညနေ စိုင်းအိမ်ပြန်တော့မယ်။"
အိမ်ပြန်တော့မည်ဟူသောစိုင်းစကား
ကြောင့် ရှင်းသန့်မျက်နှာပျက်ယွင်းသွား
သည်။သူစိတ်ပူသည်။ဒီကလေး
သစ်သွေးကိုဘယ်လောက်ထိချစ်မှန်း
သိပေမဲ့ သူ့ကိုပြန်မလွှတ်ချင်လှ.........
ဟင့်အင်း ရင်ဘတ်ထဲကနှလုံးသားက
ပြန်ခွင့်မပြုနိုင်...
"မင်းအဆင်ပြေပါ့မလား စိုင်း......"
အားတင်းကာရှင်းသန့်ပြောလိုက်သည်။
"စိုင်း ကမာရွတ်ကအိမ်ကိုပြန်မှာ......"
"ဘယ်လို...ချာတိတ်
အဲ့မှာက"
"ဦးကြီးနဲ့ဒေါ်လေးတို့ရှိတယ်လေ...
ကြီးမြက စိုင်းကိုစိတ်ပူလို့သာ...
ခြံစောင့်ဦးကြီးနဲ့ ထမင်းချက်တဲ့
ဒေါ်လေးတို့ရှိတယ်။"
စိုင်းစကားကြောင့် ရှင်းသန့်သက်ပြင်း
သာခိုးချမိသည်။ဒီကလေးသစ်သွေးအကြောင်းတစ်စက်ကလေးမှမဟ......ရှင်းသန့်ထင်ခဲ့သည့် အိမ်ပြန်မည်ဟူသော
စကားနောက် သူသစ်သွေးဆီ ပြန်မည်ဟုထင်ခဲ့သည်ဟာလည်းမဟုတ်ခဲ့.........
"ရပါ့မလား ချာတိတ်ရာ မင်းနေကောင်း
သေးတာလည်းမဟုတ်ဘဲနဲ့..."
