Zawgyi
ဆောင်လေတို့တမှုန်မှုန်တိုက်ခတ်ကာ
ခပ်စိမ့်စိမ့်အေးနေသည့် ဆောင်းမနက်ခင်း......မြူနှင်းတို့
ကျဆင်းကာကလူနေသည့်ပတ်ဝန်းကျင်ကားမှုန်ဝါးဝါးအလင်းရောင်သာပေးစွမ်းလို့နေသေးသည်။လောကတစ်ခွင်၏မွန်းကြပ်ပိတ်မှောင်နေသောညဥ့်အမှောင်ထုဝတ်ရုံရှည်အားသူရိန်နေမင်း၏ရှေ့ပြေးနေရောင်ခြည်တပ်သားများကခွာချရန်အားကြိုးမာန်တက်ကြိုးစားနေဆဲအချိန်......
မြက်ပင်တစ်ချို့ပေါ်မှ ရေငွေ့သီးလေးတွေ ဆောင်း၏နှင်းစက်
တစ်ချို့လို့ဆိုနိုင်လိမ့်မည်။နှင်းရည်စက်တို့
ဝဝလျှင်လှင်သောက်သုံးပြီး ငွားငွားစွင့်စွင့်းပွင့်အာလာကြသည့်ရောင်စုံပန်းပွင့်များသည်လည်းခပ်လှိုင်လှိုင်မွှေးပျံနေသည်။
ရှုသွင်းလိုက်သည်လေထုသည် အေးမြ
ကာလတ်ဆတ်လို့နေသည်။
နေရောင်ခြည်မှုန်မှုန်ဖြာကျနေသည့်
ဟေမာန်ဆောင်း၏မနက်ခင်းသည်ရင်
ခုန်စရာများနှင့်ပြည့်နှက်လျက်ရှိသည်။
အနောက်ဘက်မှလက်တစ်စုံ၏ပွေ့ဖက်
မှုနှင့်အတူနားထင်နားလာရောက်ထိခတ်နေသည့်ဝင်သက်ထွက်သက်ခပ်နွေးနွေး......
အေးမြမှုမှတစ်ဆင့် နွေးထွေးမှုက
ခပ်မြန်မြန်ဝင်ရောက်လာသလို......
ဘာမှထပ်မလိုချင်လောက်အောင်
ထိထိုနွေးထွေးမှုကပြည့်စုံလွန်းသည်က
ိုဖော်ညွှန်းနေသည်။
ပျော်ရွှင်မှုဆိုတာ
ကိုယ်ကိုယ်တိုင်ရှာဖွေရမည့်အရာ
ကိုယ်လွမ်းနေတာ ဒီလိုမနက်ခင်းမျိုး......
စိုင်းကိုလွှမ်းမိုးနိုင်သော သူ၏အသံ
ချိုမြမြကနားထဲတိုးဝင်လာသည့်အခိုက်
အတန့်......ကြက်သီးမွှေးညှင်းလေးများ
ထသည်ထိ ရင်ခုန်နေမိသည်။
ဝေးကွာနေသည့်ကာလအတွင်းသေမတတ်လွမ်းဆွတ်ခဲ့ရသည့်ချစ်ရသူ၏ရင်ခွင်
ကျယ်......ခပ်နွေးနွေးကိုယ့်ငွေ့နှင့်
ရောယှက်နေသည့် သဘောကျမိသည့်
ခပ်သင်းသင်းကိုယ်သင်းနံ့
"စိုင်းလေး......"
"ဗျာ......"
ခပ်မြန်မြန်ပင်ခွန်းတုံ့ဆိုမိသည်။
"ကိုယ်တောင်းပန်ပါတယ်နော်။ကိုယ့်
ကြောင့်မင်းလေး......"
"အာ့ နာလိုက်တာ......"
