ဆူး~၁၀

11.1K 870 13
                                        

Zawgyi
ဆူး ၁၀
မြူ house ဆင်းသည့်ကာလပြီးဆုံးခဲ့ပြီ
ပထမဦးဆုံး
ပဲခူးတွင် တာဝန်ကျသည်။
နိုင်ငံ့ဝန်ထမ်း ဖြစ်သွားသည်နှင့်အညီ
အမိန့်အလျှောက် မလွဲမသွေ သွားရမည်သာ...

လူ့အသက်ကို ကယ်တင်ရမည့်
ဆရာဝန်တစ်ယောက်အနေနဲ့
နီးသည် ဝေးသည် ငြင်းခွင့်မရှိ
ကိုယ်တာဝန်ကျသည့် နေရာတွင်
ကျေပွန်စွာထမ်းဆောင်ရန်သာ...

"မမ ငယ်လေးတော့ ပျင်းနေတော့
မှာပဲ...ပဲခူးထိတောင် ဆရာဝန်
အလုပ်က အဲ့လိုလျှောက်သွားရမယ်
မှန်း ငယ်လေး စောစော သိရင်
မမကို ဆေးကျောင်းပေးမတက်ပါဘူး။"

"ငယ်လေးရယ် မဆိုးစမ်းပါနဲ့...။
ငယ်လေးလည်း ကလေးမှ
မဟုတ်တော့တာ...ကျောင်းပိတ်ရက်
မ ဆီ လာလည်ပေါ့...။"

"ငယ်လေးရယ်
သား မမက အပျော်သွားတာမှ
မဟုတ်တာ..."

"ကြီးမြ အပြောကို
စိုင်းသိပါတယ် ကြီးမြရဲ့..."
ခပ်မြန်မြန်နှုတ်လှန်ထိုးမိသည်။

"ဟော...မောင်သစ်သွေးတောင်
လာပြီ...သားလာထိုင်"

"ဟုတ်ကဲ့ အန်တီ..."

အပြုံးချိုချိုကသူ့ဝသီအတိုင်း...
ဆင်မြန်းထားဆဲ...

စိုင်းမျက်လုံးအသာလှန်ကြည့်တော့
ကိုယ်တော်က သူ့အပြုံးကို
ပေါလစ်တင်ကာ ပြုံးသည်။

နဂိုတည်းက ညစ်နေသည့်
စိတ်မို့ သူ့အပြုံးနောက် ကိုယ့်အပြုံးက
ကပ်၍မပါ ....
အကြည့်တစ်ချက်သာ သူ့ဆီသို့
ရောက်၏။

အူလည်လည်နှင့်ဖြစ်သွားပေမဲ့
အပြုံးမပြတ်မမတို့နှင့် ပြောဆိုနေသည်။

ပဲခူနှင့်ရန်ကုန်သည် ဝေးလွန်းသည်မဟုတ်...
အမှန်တိုင်းဝန်ခံရပါလျှင်
ပဲခူးထိကိုစိုင်းမလိုက်ခဲ့ချင်။

air-conဖွင့်ထားသည့် ကားတွင်းမှာလျှင်
မှန်တံခါးချပ်ကို အနည်းငယ်ချမိသည်။
ဒီအတိုင်း သဘာဝလေကို
ခံစားချင်သောကြောင့်...

လေအေးအေးနုနုက မျက်နှာပေါ်
အသာဝှေ့ကာတိုက်ခတ်သွားသည်။

ကား၏ရှေ့ခန်းတွင်
သစ်သွေးနှင့်မြူတို့ထိုင်ကြသည်။
နောက်ခန်းရှိသူ့ကိုဖြင့် ဖုတ်လေတဲ့
ငပိရှိသည်ဟုပင်မထင်...

ဆူးМесто, где живут истории. Откройте их для себя