ဆူး~၇

11.3K 984 19
                                        

Zawgyi
တရွေ့ရွေ့မောင်းလာသည့်
ကားလေးသည် ဦးဝိစာရလမ်းထဲသို့
ဟံသာဝတီအဝိုင်းမှ ပတ်ကာ
ဝင်ရောက်လာခဲ့ပြီ။

ဘေးတစ်ဖက်တစ်ချက်တွင်
လမ်းမီးတိုင်ရှည်များက မီးရောင်
ခပ်ဝါဝါတစ်ချို့ကို လမ်းတစ်လျှောက်
ဖြာကျပေးစွမ်းနေလေသည်။

ခပ်ဝေးဝေးကို ကြည့်လိုက်ပါက
ရွှေရောင်တဖိတ်ဖိတ်တောက်ကာ
ကြည်ညိုဖွယ် မြန်မာ့၏ကျက်သရေဆောင် ရွှေတိဂုံဘုရားကြီးအား ဖူးမြှော်နိုင်၏။

စိုင်းမျက်လွှာအသာချကာ
လက်အုပ်ချီမိုး၍ရွှေတိဂုံဘုရားကြီးကို
ဖူးမြှောက်လိုက်သည်။

ညချမ်းလေးအေးအေးနှင့်အတူ
စိုင်း၏ရှင်းသန့်သောမျက်နှာကလေးသည် သစ်သွေး၏ရင်ကို တကယ်ပင်
အေးချမ်းစေသည်။

အခုလည်းကြည့်မျက်လုံးကလေးကိုမှိတ်ကာ လက်အုပ်ကလေးချီထားသည်က
အသည်းယားစရာ...သူဟာ
ယောကျာ်းလေးတစ်ယောက်တန်မဲ့ ပြည့်စုံလွန်းသည်ထက်ပိုသည်။

သူ၏မျက်နှာကလေးကိုမြင်ရရုံနှင့်ပင်
ကိုယ်သည် အရာရာပြည့်စုံသလိုခံစား
ရစေသည်။

သစ်သွေးပြုံးမိသည်။တကယ့်ကို
နှစ်နှစ်ခြိုက်ခြိုက်ပင်

ဒီအတိုင်း ပီတိဖြစ်သည်ဆိုသည့်
ခံစားချက်လိုမျိုး...

အေးချမ်းတယ်...နွေးထွေးတယ်။

"ကိုသစ်သွေး..."

"ဟင်!!!"သူ၏အသံကြောင့်
အတွေးနယ်ချဲ့နေရာမှ သူ့ဘက်သို့
လှည့်ကြည့်မိသည်။

"ဟိုရှေ့လမ်းဆို ကွေ့ရမှာ..."

"ok..."

ကျွန်တော်တစ်ခါပင်မရောက်ဖူးသော
မြူ၏အိမ်...စိုင်းလေးသူ့လမ်းပြမှုဖြင့်
ပထမဦးဆုံးရောက်ဖူးခြင်းပင်...
မြူနှင်းခဆိုသော ကျွန်တော့်ချစ်သူနှင့်
ကျွန်တော်က ထိုမျှလောက်ထိပင်
သူစိမ်းဆန်နေပါရောလား...။တကယ်ဆို
သူမနှင့်ကျွန်တော်၏ချစ်သူသက်တမ်းသည်လေးနှစ်ပင်ပြည့်ပြီဖြစ်သည်။

"ကိုသစ်သွေး အိမ်ထဲဝင်ပါဦးလား...။"

"မဝင်တော့ဘူး စိုင်းလေး...
ကိုယ်ဒီချိန်ဝင်ပြီး ဘာလုပ်ရမှာလည်း
ပြောပါဦး...။"

ဆူးWhere stories live. Discover now