Zawgyi
ရှေ့မှတရွေ့ရွေ့သွားနေသည့်
ကားအနီရောင်ကလေးသည်
တဖိတ်ဖိတ်တောက်နေသလောက်......
လှမ်းမြင်နေရသည့် ကျောပြင်သေးသေး
သည် နွမ်းလျလျရှိသည်။
ခပ်မှန်မှန်သာမောင်းနေသည့် သူ့၏
ကားနောက်ကိုယ်ကိုယ်တိုင်ကရော
ဘာလို့လိုက်နေမိပါလိမ့်...။သူ့ကျော
ပြင်ကို မြင်နေရသည်ကပင်
စိတ်ထဲ၌လေးလံနေ၏။
ဦးဝိစာရလမ်းအလယ်တွင် သစ်ပင်အုပ်အုပ်များက အစီအရီရှိနေသည်။ကားအသွားအလာကျဲသည့် ဒီလမ်းတွင် စိုင်း၏ကားနောက်
ကျွန်တော့်ကားမှန်မှန်လိုက်လာနိုင်ခြင်းပင်......
စိုင်း၏ကားလေး သူ့လမ်းရှိရာချိုးဝင်သွား
သည်ထိ သစ်သွေးကြည့်နေမိသည်။
ဒီကလေးနှယ် တစ်ခါတစ်လေ
ကိုယ့်ကို တစ်ခါတစ်လေပဟေဋ္ဌိတွေ
ပေးတယ်။
ကိုယ်ကိုယ်တိုင်ကိုကခက်နေသည်ပင်
မြူနှင်းခဆိုသည့် ကိုယ့်ချစ်သူထက်
သူလေးအကြောင်းက နေရာတကာ
နေရာယူနေတတ်သည်။စိုင်းလေး
မင်းလေးက ထိုလောက်ထိပင်...
သစ်သွေး လေကိုတစ်ဝရှုကာ မှုတ်ထု
တ်ထုတ်လိုက်ရင်းကားကိုစက်နှိုးကာဆက်မောင်းလာခဲ့သည်။
ညလေထုကြီးက ငြိမ်သက်နေသည်
မှာ တစ္စေများခြောက်နေသည်လား
အောက်မေ့ရလောက်သည်။
...................................................
၈နာရီကထိုးနေပြီ။...မျက်လုံးကို
အားယူဖွင့်ကာ အတင်းပင်ဒေါက်
ထောက်ထားရသည်။ဘယ်လိုတောင်
အိပ်ရေးမဝတာလဲ။sunday မို့သာ
၈နာရီထိအိပ်ရခြင်းပင်...
မျက်လုံးကမပွင့် ကြောင်လိမ်လှေကား
တစ်လျှောက် စိုင်း မျက်လုံးကို
ပွတ်ကာဆင်းလာသည်။
ထမင်းစားခန်းတွင် ကြီးမြနှင့်
အလုပ်ရှုပ်နေသည့် မမကိုတွေ့မှ...
"မမ..."
မျက်လုံးကလေးကအခုမှ
ကျယ်သွားသည်။ခပ်ပြူးပြူးကလေး
ကြည့်နေသည့် စိုင်းကို မြူအသည်းယား
လာသည့်ထင် ဆံပင်အုပ်အုပ်ကို
အသာဖွကာ...
"ငယ်လေးက မ လာမှာ
ကို မေ့နေတယ်ဟုတ်..."မြူ့အပြောကို
"ဟုတ် စိုင်းမေ့နေတာ..."
