Zawgyi
"ယောကျာ်းလေးချင်းရော
ချစ်လို့ရလား....?"ရှေ့မှာချထားတဲ့
ရေငွေ့တစ်သီးသီးထနေပြီဖြစ်တဲ့
သံပုရာရည်ကိုပိုက်နဲ့ အဓိပ္ပာယ်မဲ့
မွှေရင်း စိုင်းမေးလိုက်သည်။ပန်ပန် စားလက်စ sushiပင်နင်သွားလေသည်။
ကိုလာကို ပိုက်နှင့်ပင်မသောက်နိုင်
ခွက်လိုက်မော့ချကာ စိုင်းကို
မျက်မှောက်ကြုတ်ကာကြည့်လိုက်သည်။ပြောရရင် ဒီစကားသည်
စိုင်းနှုတ်မှထွက်လာသည်မို့ အံသြသည်။"ရတယ်"
ပန်ပန်၏မျက်နှာပေါ်တွင်
ယုံကြည်မှုတစ်ခုရှိနေသည်ကို
စိုင်းသတိထားမိသည်။စိုင်း မဲ့ပြုံးတစ်ခုကိုပြုံးကာ
ခပ်ဟဟရယ်နေသည်။"စိုင်း လူနှစ်ယောက်ချစ်ကြတာ
ယောကျာ်းမိန်းမဆိုတဲ့ သတ်မှတ်ချက်က
မလိုအပ်ပါဘူး။အချစ်ဆိုတဲ့အရာက
ရင်ဘတ်ထဲလာတာ နင်တားထားလို့
လည်းမရဘူး။""ပန်ပန် နင်လည်းရူးတာပဲနော်...
မဖြစ်နိုင်တာကို...""တော်ပြီ စိုင်း နင်ဆက်မပြောနဲ့တော့
လူနှစ်ယောက်ချစ်ကြတာပါ။
ပြစ်မှုကျူးလွန်နေကြတာမဟုတ်ဘူး။
အဲ့ မဖြစ်နိုင်ဆိုတဲ့အသုံးအနှုန်း
မသုံးစမ်းနဲ့ ငါမကြိုက်ဘူး။
နင်လက်မခံနိုင်ရင်နေ...မဖြစ်နိုင်ဘူးလို့တော့
တသတ်မတ်တည်းမတွက်နဲ့...""နင်က LGBTကို လက်ခံတယ်ပေါ့။
ပန်ပန်...""ငါက
လူနှစ်ယောက်ကြားကဖြူစင်တဲ့အချစ်တစ်ခုကို ကန့်ကွက်စရာ လိုလို့လား...?""လက်ခံရုံတင်မကဘူး စိုင်း
ငါက LGBT supporterတစ်ယောက်..."ပန်ပန်သည် သူယုံကြည်သည့်
ကိစ္စတစ်ခုအတွက် သူဘက်ကအပြည့်အဝ
အကြောင်းပြချက်ကို ချပြနိုင်သည်။
ခပ်ဝေးဝေးမှာမြင်နေရသည့်
အင်းယားရေပြင်ကိုသာ
စိုင်းငေးကြည့်နေသည်။"ငါစိတ်နည်းနည်းဆတ်သွားတာ
sorry စိုင်း...LGBTနဲ့ပတ်သက်ရင်
ငါက သိပ်ကို အစွဲအလမ်းကြီးလို့...
လူသားချင်းနှိမ်တာတွေ ငါကလက်ခံလို့မရလို့...။""မလိုပါဘူး...ရပါတယ်။"
ပန်က ပျော်ပျော်နေတတ်သည်ဆိုပေမဲ့
သူဟာ ကျွန်တော့်ထက်ပင်
လူကြီးဆန်သည်။ဒီကိစ္စမျိုးကိုလက်ခံသူကတစ်ရာမှာတစ်ယောက်သာဖြစ်နိုင်ပေမည်။သူသည်နားလည်မှုပေးသည့်နေရာမှာပါရမီအထုံကောင်းလှသည်။ကျွန်တော်ကရောသူ့ကို ဘာကိစ္စအဲ့အကြောင်း
မေးမိတာပါလိမ့်။မွန်းကြပ်လှသည့်
ရင်ဘတ်တစ်နေရာက အောင့်သက်သက်