Serendipity-3

2.1K 226 9
                                    

"Jin hee ?"

"Jin hee ! ထတော့လေ "

နားထဲတွင် တီးတိုးလာပြောနေသော အသံတစ်ခု....

မနက်စောစော ဘယ်သူလာနောက်နေတာပါလိမ့်?

ထိုသူရဲ့ အသက်ရှုသံလေးတွေကို အတိုင်းသား ကြားနေရသည်။ သူ့ရဲ့ ရှုထုတ်လိုက်သော လေကလည်း ကျမရဲ့ လည်ပင်းနားကို လာ၍ ရိုက်ခတ်နေလေပြန်သည်။

ဒေါ်လေးလား??

ကျမလည်း ဂရုမစိုက်ဘဲ အခြားတစ်ထက်သို့လှည့်၍ ပင် ပြန်အိပ်ရန်ကြိုးစားနေသည်။

"Jin Hee ! ထတော့ဆို!အခုမထရင် အပြစ်ပေးမှာနော် "

ဒီတစ်ခါတော့ ရှင်းရှင်းလင်းလင်း သိလိုက်ပြီ။
ဒေါ်လေး မဟုတ်သလို အိပ်မက်လည်းမဖြစ်နိုင်ဘူး..

ပြီးတော့ ယောကျာ်းလေး အသံ???

ဘာာာာ????!!!

ကျမ ကြက်သီးများပင်ထသွားကာ ကောက်ခနဲ ထထိုင်လိုက်သည်....

ဘယ်သူမှလဲ ရှိမနေပါလား? ခုနက သေချာပေါက် ယောကျာ်းလေး အသံပါ!

သူအတွေးတွေ နယ်ချဲ့နေစဉ်ပင် ရုတ်တရက် ထမြည်လာသော noti တက်သံကြောင့် ဖုန်းကို လှမ်းယူလိုက်သည်.

သို့သော် သူ ဖွင့်ကြည့်ရန်တွန့်ဆုတ်နေမိသည်။

ငါ အိပ်ရင် ဖုန်းကိုအမြဲ silent လုပ်ထားတာ ခုထိလည်း ပြန်မဖွင့်ရသေးပါဘုး! ဘယ်လိုလုပ် အသံက ထွက်လာရတာလဲ?

သူ အနည်းငယ် ထိတ်လန့်သွားမိတာတော့ အမှန်ပင်၊

သူတွန့်ဆုတ်နေချိန်ပင် နောက် မက်ဆေ့ခ်ျတစ်ခုဝင်လာသည်...

သူလည်း ဖြစ်ချင်ရာဖြစ် ဖွင့်ကြည့်လိုက်တော့သည်..

"Good Morning!Bae"

"ဘာတွေ တွေဝေနေတာတုန်း ပြန်ပြောပါဦးကွာ!"

Jimin  ပို့ထားသော မက်ဆေ့ခ်ျ နှစ်စောင်လေး အတိုင်းသား ပေါ်လာတော့သည်.....

"Imm..moring! Jimin "

တကယ်ဘဲ သူကဘယ်သူများလဲ?
သူက ဘယ်လို ဖြစ်တည်နေတဲ့ သတ္တဝါမျိုးလဲ?
သူ့ကို ဆက်ပြီး ယုံကြည်နေသင့်လား?

sᴇʀᴇɴᴅɪᴘɪᴛʏ [✔]Where stories live. Discover now